ပရိသတ်များရဲ့ ဝေဖန်မှုများ ကြုံရပြီးနောက် ကမ္ဘာ့ဖလားသယ်ယူပို့ဆောင်ရေးအခကြေးငွေအား လျှော့ချလာ
=====================
ပရိသတ်များရဲ့ ဝေဖန်မှုများနှင့် ကြုံရပြီးနောက် နယူးဂျာစီရှိ MetLife Stadium သို့ ကမ္ဘာ့ဖလားပွဲကြည့်ရန်သွားမဲ့ မီးရထားနှင့် ဘတ်စ်ကားခဈေးနှုန်းအား လျှော့ချသတ်မှတ်လာပါတယ်။
ယခင်တုန်းက MetLife Stadium သို့ သွားမဲ့ မီးရထားလက်မှတ်ခကို ဒေါ်လာ ၁၅၀ (ပေါင် ၁၁၀)အထိ သတ်မှတ်ထားတာ ဖြစ်ပြီး ယခုအခါ ၉၈ ဒေါ်လာ (၇၃ ပေါင်)သို့ လျှော့ချသတ်မှတ်လာပါတယ်။
ဒါ့အပြင် ဘတ်စ်ကားခကိုလည်း ယခင်တုန်းက ဒေါ်လာ ၈၀ (၇၃ ပေါင်) သတ်မှတ်ထားရာမှ ယခုအခါ ဒေါ်လာ ၂၀ (၁၅ ပေါင်)သို့ လျှော့ချသတ်မှတ်လာပါတယ်။
MetLife Stadium ကွင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဖီဖာရဲ့ပေါ်လစီအရ New York/New Jersey Stadium အမည်ဖြင့် အသုံးပြုလာမှာ ဖြစ်ပြီး ဗိုလ်လုပွဲအပါအဝင် ကမ္ဘာ့ဖလားပွဲ ၈ ပွဲ လက်ခံကစားလာပါမယ်။
မန်ဟတ်တန်ရှိ ပန်းဘူတာမှ ကွင်းသို့ မီးရထားခအား ယခုကဲ့သို့ သတ်မှတ်လာတာပါ။ တဖက်တွင် အပြန်မီးရထားခမှာ ပုံမှန်အတိုင်း ဒေါ်လာ ၁၂.၉၀ အတိုင်းပင် သတ်မှတ်ထားပါတယ်။
ယခင် ရုရှားနှင့် ကာတာတို့က ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပစဉ်တုန်းက ခရီးသွားလာမှုအား အခမဲ့ စီစဉ်ပေးခဲ့ပါတယ်။ အမေရိကန်ဟာလည်း ၂၀၁၈ ခုနှစ်တုန်းက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိတုန်းက ခရီးသွားလာရေးအား အခမဲစီစဉ်ပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်တွင် အပြောင်းအလဲ ဖြစ်ကာ ပရိသတ်များအနေဖြင့် ခရီးစရိတ်ကျခံရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်.
ယခုအခါ နယူးဂျာစီမြို့တော်ဝန် မိုက်ရှာရဲလ်က ကော်မာရှယ်စပွန်ဆာကြောင့် မိနစ် ၃၀ ကြာ မီးရထားခရီးစရိတ်အား လျှော့ချလာနိုင်ပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
နယူးဂျာစီဟာ ပြည်သူ့ဘဏ္ဍာငွေ အသုံးမပြုဘဲ ခရီးစရိတ်လျှော့ချလာနိုင်တာလည်း ဖြစ်ပါတယ်။
တဖက်တွင် နယူးယောက်မြို့တော်ဝန်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသွားအပြန်ဘတ်စ်ကားခကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချထားကြောင်း ကြေညာထားပါတယ်။
ဒါပေမဲ့ ဘော်စတွန်၊ ဖောက်စ်ဘရော့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားကြည့်မဲ့ ပရိသတ်များက ခရီးစရိတ်လက်မှတ်ဈေးနှုန်း ၃၀၀ ရာခိုင်နှုန်းကျော်အထိ အသုံးပြုရပါမယ်။
ဘော်စတွန်မြို့လည်(တောင်ပိုင်းဘူတာ)မှ ဖောက်စ်ဘရော့ရှိ ဘော်စတွန်ကွင်းသို့ ယခင် အသွားအပြန်မီးရထားခမှာ ဒေါ်လာ ၂၀ သာ ရှိပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဒေါ်လာ ၈၀ အထိ ကျခံရပါမယ်။
နယူးဂျာစီ၊ ဖောက်စ်ဘရော့မှ ခရီးစရိတ်မြင့်မားမှုဒဏ်ကို အင်္ဂလန်နှင့် စကော့တလန်ပရိသတ်များ ခံရပါမယ်။
အင်္ဂလန်ဟာ ဇွန်လ ၂၃ ရက်နေ့တွင် ဖောက်စ်ဘရော့တွင် ဂါနာနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် MetLife Stadium တွင် ပနားမားနှင့်လည်းကောင်း ရင်ဆိုင်ကစားရပါမယ်။
စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်မှာလည်း ဇွန်လ ၃ ရက်နေ့နှင့် ဇွန်လ ၁၉ ရက်နေ့တို့တွင် ဖောက်စ်ဘရော့တွင် ဟေတီ၊ မော်ရိုကိုတို့နှင့် ကစားရပါမယ်။
ကန်ဆက်စ်စီးတီးမှာ အပြန်ဘတ်စ်ကားခကို ၁၅ ဒေါ်လာ၊ ဖယ်လာဒယ်ဖီယာမှာ ပုံမှန်အတိုင်း ဒေါ်လာ ၂.၉၀ သာ ဆက်လက် သတ်မှတ်ထားပါတယ်။