အိုးး! မိုးရွာတိုင်း သတိထားရမယ့် အိမ်ထဲမဖိတ်ခေါ်ပဲ ဝင်လာတတ်တဲ့ ဧည့်သည်ဆိုးတွေရှိပါတယ်။ ကင်းခြေများနဲ့ ကင်းမြီးကောက်တွေဟာ အိမ်ထဲကို မကြာခဏ အမှတ်မထင် ဝင်ရောက်လာတတ်ကြတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကတင် ကျွန်တော့်အိမ်က လူတစ်ယောက် ကင်းခြေများ အကိုက်ခံခဲ့ရလို တော်တော်လေး စိုးရိမ်သွားခဲ့ရပါသေးတယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အိမ်တွင်းနည်းလမ်းလေးတစ်ခုကို ချက်ချင်းအသုံးပြုလိုက်တဲ့အခါမှာတော့ သိသိသာသာကို မြန်မြန်ဆန်ဆန် သက်သာသွားစေခဲ့ပါတယ်။ အရေးပေါ်ကြုံလာရင် အသုံးပြုနိုင်အောင် ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
ကျွန်တော်တိုက သံပုရာသီး အနည်းငယ်ကို ညှစ်ပြီး အချိုမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နဲ့ ရောစပ်လိုက်ပါတယ်။ ပြီးရင် သမအောင်မွှေပြီး အကိုက်ခံရတဲ့နေရာ (ဒါမှမဟုတ်) အဆိပ်ရှိသတ္တဝါ တစ်ခုခုနဲ့ ထိုးခံရတဲ့ နေရာပေါ်မှာ အုံပေးလိုက်တယ်။
(၅) မိနစ်တောင် မပြည့်ခင်မှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေက အံ့သြစရာကောင်းလောက်အောင် သက်သာပျောက်ကင်းသွားပါတယ်။ အဆိပ်ကို စုပ်ထုတ်လိုက်သလိုပါပဲ။
ဒါပေမဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုတော့ ပေးချင်ပါတယ်။
တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ နှုတ်ခမ်းထုံကျင်တာ ဒါမှမဟုတ် အဆိပ်ကြောင့် နှလုံးခုန်မြန်လာတာစတဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်မှု လက္ခဏာတွေရှိရင်တော့ လုံးဝမစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဘာလိုလဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ တုံပြန်ပုံချင်းက မတူကြလိုပါ။
ကျွန်တော်တို ကိုယ်တိုင်စမ်းသပ်ကြည့်လို အဆင်ပြေခဲ့တာကြောင့် အရေးပေါ်အခြေအနေအတွက် မှတ်သားထားနိုင်ဖို တင်ပေးလိုက်ရပါတယ်။