အိန္ဒိယက အနောက်ဘက်တောင်တန်းတွေထဲမှာ အေးဆေးအောင်းနေတဲ့ ဒီခရမ်းရောင်ဖားဟာ ၂၀၀၃ ခုနှစ်ကျမှ လူမိသွားတဲ့ သတ္တဝါဖြစ်ပါတယ် ရုပ်ကိုကြည့်လိုက်ရင် ဗိုက်ကလည်း စည်ပိုင်းလိုဖောင်း မျက်လုံးကလည်း အစက်ကလေးလောက်ပဲရှိပြီး နှာခေါင်းကလည်း ဝက်နှာသီးနဲ့ တူနေတာကြောင့် တခြားကမ္ဘာက ရောက်လာတဲ့ ဂြိုဟ်သားနဲ့တောင် ဆင်တူနေပါတယ်
သူ့ဘဝက မြေအောက်အောင်းရတာကိုပဲ ဝါသနာပါလွန်းလို့ တစ်သက်လုံး မြေကြီးထဲမှာပဲ ပုန်းနေတတ်ပါတယ် အစာစားရင်လည်း အပြင်ထွက်မစားဘဲ မြေအောက်က ခြနဲ့ ပုရွက်ဆိတ်တွေကိုပဲ လျှာနဲ့တို့ပြီး စားနေတာပါ
ဒီလောက်အပုန်းကောင်းတဲ့ကောင်လေးက တစ်နှစ်မှာ တစ်ခါတော့ လူလုံးထွက်ပြတတ်ပါတယ် အဲဒါကတော့ မိုးတွေတအားရွာတဲ့အချိန်ကျမှ အိမ်ထောင်ဖက်ရှာဖို့ မြေပေါ်ကို ရက်အနည်းငယ်ပဲ တက်လာတာပါ ဒီလောက် ရုပ်ဆိုးဆိုး ထူးထူးဆန်းဆန်း သတ္တဝါဟာ ရှေးဟောင်းခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သက်ရှိကျောက်ဖြစ်ရတနာကြီး ဖြစ်နေတာကတော့ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်

image