8 ပတ် - ဘာသာပြန်ပါ။

ဖိလစ်ပိုင်လွှတ်တော်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွား

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးရန် စီစဉ်နေမှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း လွှတ်တော်အဆောက်အအုံအတွင်း၌ သေနတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့က သေနတ်သံအမြောက်အမြား ထွက်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပြီး၊ လက်နက်ကိုင်များ အဆောက်အအုံအတွင်း လှုပ်ရှားလာချိန်တွင် သတင်းထောက်များနှင့် အခြားသူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းအောင်းခဲ့ကြရသည်။
အစောပိုင်းတွင် ပြောက်ကျားဝတ်စုံဝတ် စစ်သား ၁၀ ဦးထက်မနည်း လွှတ်တော်ဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး၊ အချို့မှာ တိုက်ခိုက်ရေးရိုင်ဖယ်များ ကိုင်ဆောင်ထားကြသော်လည်း မည်သူက မည်သည့်အကြောင်းကြောင့် သေနတ်ပစ်ဖောက်ခဲ့သည် သို့မဟုတ် တပ်ဖွဲ့ဝင်များကို မည်သည့်အတွက်ကြောင့် ချထားသည်ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးပေ။
အဆိုပါဖြစ်ရပ်သည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲတွင် အဓိကကျသူဖြစ်သည့် အထက်လွှတ်တော်အမတ် ရော်နယ် ဒဲလားရိုးဆား(Ronald dela Rosa) အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှ ထုတ်ပြန်သော ဖမ်းဝရမ်းနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တနင်္လာနေ့ကတည်းက ၎င်း၏ရုံးခန်းအတွင်း ခိုလှုံနေသည့် ဒဲလားရိုးဆားက ၎င်းကိုဖမ်းဆီးရန်မှာ လက်တကမ်းအကွာတွင်ရှိနေပြီဟု ဆိုကာ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုစွဲချက်များဖြင့် သည်ဟိဂ်(The Hague) မြို့ရှိ တရားရုံးသို့ လွှဲပြောင်းပေးမည့် မည်သည့်ကြိုးပမ်းမှုကိုမဆို တားဆီးရန်အတွက် ထောက်ခံသူများကို စုရုံးကြရန် တောင်းဆိုလိုက်သည်။
ဒဲလားရိုးဆားက "ယူနီဖောင်းဝတ် ရဲဘော်ရဲဘက်များ" နှင့် သူ၏ ဖိလစ်ပိုင်စစ်တက္ကသိုလ် (PMA) မှ အတန်းဖော်ဟောင်းများအနေဖြင့် သမ္မတ ဖာဒီနန် မားကို့စ် အစိုးရက သူ့အား နိုင်ငံခြားသားတွေဆီ မအပ်သင့်ဘူး ဆိုသည့်အပေါ် ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ပြသကြရန် တိုက်တွန်းခဲ့သည်။
ဒဲလားရိုးဆားသည် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း၊ ဒူတာတေး အာဏာရစဖြစ်သည့် ပထမနှစ်နှစ်တာကာလတွင် ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲတွင် အဓိကအကောင်အထည်ဖော်သူအဖြစ် ဆောင်ရွက်ခဲ့သည်။

image