2 ပတ် - ဘာသာပြန်ပါ။

ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှုကြောင့် ပရက်ဒါဘီပွဲအား ၃-၀ ဖြင့် အရှုံးပေးခဲ့ရကာ ပေါင် ၃၅၇၀၀၀ ဒဏ်ရိုက်ခံလာရတဲ့ ဆလားဗီးယားပရက်
====================

ဆလားဗီးယားပရက်ဟာ စပါတာပရက်နှင့် ဒါဘီပွဲအား ရပ်ဆိုင်းလိုက်ရမှုအတွက် ၃-၀ ဂိုးဖြင့် အရှုံးပေးလာရပြီး ပေါင် ၃၅၇၀၀၀ ဒဏ်ရိုက်ခြင်းခံလာရသလို အိမ်ကွင်း ၄ ပွဲ ပရိသတ် မပါဘဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
ဆလားဗီးယားပရက်တို့ စနေနေ့တုန်းက ချက်လိဂ်ဖလားအတွက် အရေးပါတဲ့ပွဲစဉ်ရဲ့ အချိန်ပို ၇ မိနစ်တွင် ၃-၂ ဂိုးဖြင့် အနိုင်ရနေချိန်မှာ ရာပေါင်းများစွာသော အိမ်ရှင်ပရိသတ်တို့ဟာ မီးရှူးမီးပန်းများ ကိုင်ဆောင်ကာ ကွင်းအတွင်း ဆင်းလာခဲ့ကြပါတယ်။
ပရိသတ်များ ကွင်းအတွင်း ဆင်းလာမှုနှင့်အတူ ဒိုင်လူကြီးက လုံခြုံရေးအတွက် ကစားသမားများကို အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်စေခဲ့ပြီး ပွဲကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
ဆလားဗီးယားပရက်က ကွင်းအတွင်း ဝင်ရောက်တဲ့ ပရိသတ်များကို ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်မယ်လို့ ကြေညာထားပါတယ်။
ဒါအပြင် ၃-၀ ဖြင့် အနိုင်ပေးခြင်းခံခဲ့ရတဲ့ စပါတာဟာလည်း ကွင်းအတွင်း ပရိသတ်များ မီးရှူးများဖြင့် ပစ်ပေါက်မှု၊ ကွင်းအား ဖျက်ဆီးမှုတို့အတွက် ပေါင် ၂၁၄၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
ဆလားဗီးယားပရက်ဟ ယင်းပွဲကို ၃-၀ ဖြင့် အရှုံးပေးလိုက်ရမှုနှင့်အတူ ဒုတိယနေရာမှ စပါတာကို ၅ မှတ်တည်းသာ ဖြတ်ထားနိုင်ပါတော့တယ်။
၎င်းတို့ဟာ ဗုဒ္ဓဟူးနေ့တွင် အိမ်ကွင်းမှာ ဂျက်လိုနစ်အား ဧည့်ခံကစားရပါမယ်။

image