1 ပတ် - ဘာသာပြန်ပါ။

ဇနီးသည်ဟောင်းနှင့် ရုပ်ချင်းဆင်တဲ့ ပြင်သစ်သူနှင့် တွဲကာ အချစ်သစ်တွေ့ရှိလာတဲ့ ဂျာမိန်းဂျီးနပ်စ်
==================

အင်္ဂလန်နှင့် ဘီဘီစီစတားဟောင်းဂျာမိန်းဂျီးနပ်စ်ဟာ ဇနီးဟောင်းနှင့် လမ်းခွဲပြီးနောက် အချစ်သစ်ထပ်မံ တွေ့ရှိလာခဲ့ပါတယ်။
အသက် ၄၃ နှစ်ရှိ နယူးကာဆယ်နှင့်စပါးစ်စတားဟောင်းဟာ ပဲရစ်တွင် နေထိုင်နေတဲ့ အသက် ၃၁ နှစ်အရွယ်ရှိ အန်နီနှင့် ချစ်ကြိုက်လာခဲ့တာ ခြောက်လတိုင်တိုင်ရှိပြီ ဖြစ်ကြောင်း အတွင်းသတင်းများအရ သိရပါတယ်။
ဂျီးနပ်စ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အသက် ၁၆ နှစ်ကြာ အကြင်လင်မယားအဖြစ် ပေါင်းသင်းလာခဲ့တဲ့ အယ်လီပန်ဖိုးဒ်နှင့် လွမ်းခွဲခဲ့ရသူပါ။
သူဟာ လုပ်ဖော်ကိုင်ဖက်ကို မလျော်ကန်တဲ့ မက်ဆေ့ချ်ပေးပို့မှုအတွက် ဘီဘီစီရဲ့ Match Of The Day နှင့် The One Show အစီအစဉ်တို့မှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဇနီးနှင့်ပါ လမ်းခွဲခဲ့ရသူပါ။
ဂျီးနပ်စ်ဟာ သူ့ထက် အသက်များစွာငယ်တဲ့ အန်နီနှင့် ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက တွေ့ဆုံ ချစ်ကြိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဂျီးနပ်စ်ဟာ အန်နီနှင့် ချစ်ကြိုက်နေစဉ်အတွင်း သတင်းကို သိုသိုသိပ်သိပ်ဖြစ်အောင် နေထိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ချစ်သူရှိရာ ပဲရစ်သို့လည်း လိုက်ပါနေထိုင်ခဲ့သလို ချစ်သူကလည်း လန်ဒန်သို့ လာရောက်လည်ပတ်လေ့ရှိပါတယ်။
လက်ရှိအချိန်တွင် အင်္ဂလန်အတွက် ၂၁ ပွဲကစားခဲ့တဲ့ ဂျီးနပ်စ်ဟာ ကစားသမားဟောင်းဂျာမိန်းပီးနန့်စ်နှင့်အတူ Wildcards အစီအစဉ်ကို တင်ဆက်နေပါတယ်။

image