1 ပတ် - ဘာသာပြန်ပါ။

စီးရီးအေထိပ်သီးအတွက် ၂ ပွဲတည်းသာ ကစားခွင့်ရပြီးနောက် စာချုပ်ဖျက်သိမ်းခံလာရတဲ့ ချဲလ်ဆီးလူငယ်ပါရမီရှင်
==================

ချဲလ်ဆီးလူငယ်ပါရမီရှင်ဟောင်းတာရစ်လမ့်တေးဟာ စိတ်ပျက်စရာ ရာသီတစ်ခု ကြုံရပြီးနောက် ဖီအိုရင်တီးနားရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံလာရပါတယ်။
အသက် ၂၅ နှစ်ရှိ လမ့်တေးဟာ ဘရိုက်တန်တွင် ၅ နှစ်ကြာ ကစားပြီးနောက် ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ပြောင်းရွှေ့ကြေး ယူရို ၆ သန်းဖြင့် ဖီအိုရင်တီးနားသို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘရိုက်တန်တွင် ကစားစဉ်တုန်းက အလားအလာအကောင်းဆုံးလူငယ်ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၂၃ ခုနှစ်တုန်းက ဒူးဒဏ်ရာကြောင့် ၆ လကြာ အနားယူခဲ့ရဖူးကာ နောက်ထပ် ၂ ရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။ သူဟာ ဘရိုက်တန်ရဲ့ ဦးစားပေးညာနောက်ခံလူနေရာအား ဂျိုယေးဗတ်မန်းအား လွဲပေးခဲ့ရပါတယ်။
လမ့်တေးဟာ နွေရာသီတွင် ဖီအိုရင်တီးနားသို့ ပြောင်းပြီးနောက် နာပိုလီအား ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲရဲ့ ၈၈ မိနစ်တွင် လူစားဝင်ရောက်ကစားကာ ပထမဆုံးစီးရီးအေပွဲ ကစားခဲ့ပါတယ်။
ဖီအိုရင်တီးနားမှာလည်း ဆိုးရွားတဲ့ရာသီအစနှင့် ကြုံခဲ့ရကာ အဖွင့်ပွဲ ၁၅ ပွဲ နိုင်ပွဲမရခဲ့ဘဲ ပထမရာသီဝက်ကို ဇယားအောက်ဆုံးတွင် ကုန်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားဟာ ဒုတိယရာသီဝက်မှာတော့ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ဂါနာလက်ရွေးစင်ကစားသမားဟာ ဖီအိုရင်တီးနားအတွက် ဒုတိယမြောက်ပွဲအဖြစ် စက်တင်ဘာလတုန်းက ကိုမိုအား ၂-၁ ဖြင့် ရှုံ့းနိမ့်တဲ့ပွဲစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခဲ့ပေမဲ့ ပွဲချိန်မိနစ် ၂၀ မှာပင် လူစားလဲခဲ့ရပါတယ်။
ယင်းနောက်မှာတော့ သူဟာ ဒူးအရွတ်ဒဏ်ရာရရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။
လမ့်တေးဟာ အနည်းဆုံး ၆ လအနားယူလာရမှာ ဖြစ်ပြီး ဖီအိုရင်တီးနားက ဒဏ်ရာအခြေအနေမှာ ရှုပ်ထွေးကြောင်း ကြေညာခဲ့ပါတယ်။

image