၉ ပွဲတည်း ပွဲထွက်ကစားကာ လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာတဲ့ ဒမ်ဘီလီ
===================

အူစမာနီဒမ်ဘီလီဟာ ယခုရာသီတွင် ပီအက်စ်ဂျီအတွက် လီဂူး ၁ ၉ ပွဲတည်းသာ ပွဲထွက်ကစားနိုင်ခဲ့ပေမဲ့လည်း လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာပါတယ်။
တောင်ပံကစားသမားဟာ ပီအက်စ်ဂျီကစားဖော်ဗီတင်ဟာ၊ မေဆင်ဂရင်းဝုဒ်တို့အား ကျော်ဖြတ်ကာ လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီတောင်ပံကစားသမားဟာ ယခုရာသီတွင် လီဂူး ၁ တွင် ၉ ပွဲတည်းပွဲထွက်ကစားနိုင်ပေမဲ့လည်း ဗီတင်ဟာ၊ မေဆင်ဂရင်းဝုဒ်၊ နူနိုမန်ဒက်စ်၊ ဖလိုရီယန်သူဗန်တို့အား ကျော်ဖြတ်ကာ လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂ ကြိမ်ဆက် ဆွတ်ခူးလာတာပါ။
ယင်းကဲ့သို့ ပွဲအနည်းငယ်သာ ပွဲထွက်ကစားပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဒမ်ဘီလီ ဆွတ်ခူးလာမှုနှင့်အတူ ပရိသတ်များ၊ ဘောလုံးဝေဖန်ရေးသမားများအကြား အငြင်းပွားစရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒမ်ဘီလီကတော့ "ကျွန်တော်က လက်ရှိ Ballon d'Or ဆုရှင် ဖြစ်နေလို့ အမြင်ပြောင်းလဲသွားကြတာပါ။ ကျွန်တော့်မှာ ကြံ့ခိုင်မှုပိုင်း ဖြစ်သွားတာတွေ ရှိတယ်။ အများကြီး ကစားနိုင်ဘူး။ ဒါပေမဲ့ ကွင်းထဲမှာ ကစားခွင့်ရတိုင်း အသင်းအတွက် အစွမ်းကုန်ကစားပေးတယ်။ မာဆေး၊ လိုင်လီတို့ပွဲမှာ အသင်းကို ကူညီဖို့ ကြိုးစားပေးခဲ့တယ်။ ကစားချိန် နှစ်ဆတိုးသွားသလား မသိပါဘူး။ ဒါပေမဲ့ ကစားသမားတွေ မဲပေးလို့ ဝမ်းသာပါတယ်"လို့ Foot Mercato သို့ ပြောကြားသွားပါတယ်။
ဒမ်ဘီလီဟာ ယခုရာသီတွင် ပီအက်စ်ဂျီအတွက် လီဂူး ၁ တွင် ပွဲ ၂၀ ကစားထားတာ ဖြစ်ပြီး ၁၀ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးထားပါတယ်။

image