ပြောင်း၊ ကြက်သွန်ဖြူ ဈေးကောင်းရရှိနေပြီး သီးနှံကုန်စည်စီးဆင်းမှုများပြား
ပြည်တွင်းနှင့် ပြည်ပ ဝယ်လိုအားများလာခြင်းကြောင့် ပြောင်းသီးနှံသည် ဈေးကောင်းရရှိနေပြီး ကုန်စည်စီးဆင်းမှုလည်း အားကောင်းနေကြောင်း ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။
ထို့အပြင် ကြက်သွန်ဖြူသီးနှံမှာ ဈေးကွက်အဝင်နည်းနေသဖြင့် ဈေးနှုန်းမြှင့်တက်နေပြီး အခါကြီးရက်ကြီးကာလများတွင် ဝယ်လိုအား ပိုမိုကောင်းလာသဖြင့် ကုန်စည်စီးဆင်းမှုများလည်း တိုးလာကြောင်း သိရသည်။
အာလူးသီးနှံမှာ ဈေးနှုန်းကျဆင်းနေသော်လည်း ပြည်တွင်းဒေသအနှံ့အပြားမှ ဝယ်လိုအားရှိနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု အားကောင်းနေပြီး ချင်းသီးနှံမှာ ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် အသုံးများနေသဖြင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်နေကြောင်း သိရသည်။
ယခုလအတွင်း ကုန်စိမ်းသီးနှံများ၏ ဈေးနှုန်းများ ကျဆင်းလာသော်လည်း ပြည်တွင်းဒေသစုံမှ ဝယ်ယူမှုများ ဆက်လက်ရှိနေသဖြင့် ကုန်စည်စီးဆင်းမှုမှာ အားကောင်းနေကြောင်း သိရသည်။