ကြမ်းပိုးဒုက္ခဟာ သေးငယ်ပေမယ့် တကယ်တမ်းတော့ အိပ်ရေးပျက်စေတဲ့ ပြဿနာကြီးတစ်ခုပါ။ ကြမ်းပိုးကိုက်လို တစ်ညလုံး မအိပ်ရဘဲ ဒုက္ခရောက်နေသူတွေ အများကြီး ရှိမယ်လို ထင်ပါတယ်။ (ကျွန်မ အပါအဝင်ပေါ့!)
ဒါကြောင့် ဒီတစ်ခါမှာတော့ ကုန်ကျစရိတ် နည်းပါးပြီး ကြမ်းပိုးတွေ ထွက်ပြေးသွားစေမယ့် ထိရောက်တဲ့ နည်းလမ်းကောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒုက္ခပေးသော ကြမ်းပိုး
ကျွန်မရဲ့ မိတ်ဆွေဖြစ်သူ ကိုမျိုးနိုင် (ဆကာကြီး) ဟာ လက်ဖက်ရည်ဆိုင်မှာ ညှိးငယ်တဲ့ မျက်နှာနဲ့ ရောက်လာပါတယ်။
"ဘယ်လိုလဲဗျာ၊ ခင်ဗျားကြည့်ရတာ လန်းဆန်းမှု မရှိပါလား။ မိန်းမ အိမ်ပေါ်က ဆင်းသွားလိုလား" လို ကျွန်မက စနောက်လိုက်တော့...
"မဟုတ်ပါဘူးဗျာ။ အခုဖြစ်နေတဲ့ အခက်အခဲက မိန်းမ စိတ်အနှောင့်အယှက်ပေးတာထက်တောင် ဆိုးပါသေးတယ်" လို ကိုမျိုးနိုင်က စိတ်ပျက်လက်ပျက် ပြောပါတယ်။
သိချင်စိတ်ကြောင့် "ပြောပါဦး၊ ဘာများ အခက်အခဲ ဖြစ်နေတာလဲ" လို မေးတော့၊ "ကြမ်းပိုးလေ ကြမ်းပိုး! ကိုက်လိုက်တာ တစ်ညလုံး မအိပ်ရဘူးဗျာ၊ မိုးစင်စင်လင်းရော" လို သူက ပြန်ဖြေပါတယ်။
သူပြောမှ သေချာကြည့်မိတော့ ကိုမျိုးနိုင်ရဲ့ မျက်လုံးတွေ နီရဲနေပြီး မျက်တွင်းတွေ ချောင်ကျကာ အိပ်ရေးပျက်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဘယ်သူမဆို အိပ်ရေးပျက်ပြီဆိုရင် တစ်နေကုန် ဘာမှ မလုပ်ချင် မကိုင်ချင်ဘဲ မူးနောက်နေတာပဲကိုး။
ဖြေရှင်းဖို ခက်နေတဲ့ ပြဿနာ
ကျွန်မ ကိုမျိုးနိုင်ကို ကိုယ်ချင်းစာစိတ်နဲ့ မေးလိုက်ပါတယ်။
"ခင်ဗျား အခုရောင်းနေတဲ့ ကြမ်းပိုးနှိမ်နင်းဆေးတွေ၊ ပိုးသတ်ဆေးတွေ သုံးမကြည့်ဘူးလား"
"ဘယ်နေပါ့မလဲ ကိုယ့်ဆရာရယ်၊ သုံးကြည့်ပြီးပါပြီ။ ကြမ်းပိုးနှိမ်နင်းဆေးတွေက ခဏပဲ သက်သာတယ်။ ပြီးရင် ပြန်လာကိုက်တာပဲ။ ပိုးသတ်ဆေးတွေကျတော့လည်း အနံ့ပြင်းတယ်။ အိမ်မှာက ကြောင်တွေလည်း ရှိတော့ လူရော၊ တိရစ္ဆာန်ပါ ဒုက္ခရောက်မှာ စိုးလို မသုံးရဲဘူး" လို သူက ညည်းညူပါတယ်။
ဒီအခါမှ ကျွန်မဟာ ကိုမျိုးနိုင်ရဲ့ ဒုက္ခကို ကူညီပေးဖို အချိန်တန်ပြီလို တွေးလိုက်မိတယ်။
"ကိုင်း ကိုယ့်လူ၊ ဘာမှ စိတ်မညစ်နဲ့။ ကျွန်မပြောတဲ့ နည်းအတိုင်း သုံးရက် ဆက်တိုက် လုပ်။ ဘာမှ မခဲယဉ်းဘူး။ ခင်ဗျား ကြမ်းပိုးဒုက္ခ ကင်းသွားလိမ့်မယ်" လို ပြောပြီး အကြံကောင်းတစ်ခု ပေးလိုက်ပါတယ်။
သုံးရက်အတွင်း အောင်မြင်မှု
တစ်ပတ်ခန့်အကြာ... ဖုန်းမြည်လာလို ကိုင်လိုက်တော့ "ဟဲလို၊ ကျွန်မ မာမာပါ"
"ဟေး ကိုယ့်ဆရာ၊ ကျွန်တော် မျိုးနိုင်ပါ"
ကိုမျိုးနိုင် (ဆကာကြီး) ရဲ့ ဖုန်းခေါ်ဆိုမှုပါလား။ သူ့လေသံက ရွှင်လန်းတက်ကြွနေတာကို ကြားရုံနဲ့ သိသာပါတယ်။ အားမာန်အပြည့်နဲ့...
"ကိုယ့်လူ ဘာပြောစရာရှိလိုလဲ" လို ပြန်မေးလိုက်တော့၊
"ဟာ... ပြောစရာရှိတာပေါ့။ ကျွန်တော် အခု ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်လိုက်တာ သုံးရက်နဲ့ ကြမ်းပိုးဒုက္ခ ကင်းဝေးသွားပြီဗျ။ မိသားစုတွေလည်း စိတ်ချမ်းသာသွားလို ခင်ဗျားကို ကျေးဇူးတင်နေကြတယ်"
"ဝမ်းသာစရာပေါ့ဗျာ"
"အခု ကျွန်တော် ကြမ်းပိုးဒုက္ခ ကင်းသွားပြီမို စာလည်း ကောင်းကောင်းဖတ်နိုင်ပြီ။ စာလည်း ကောင်းကောင်းရေးနိုင်ပြီ။ ခင်ဗျားကို ကျေးဇူးတင်လွန်းလို မနက်ဖြန် လမ်းဆုံက ရွှေလဝန်း လက်ဖက်ရည်ဆိုင်မှာ ဆုံမယ်ဗျာ။ ကျွန်တော် ဧည့်ခံပါရစေ"
"ဟုတ်ကဲ့၊ ဖုန်းချလိုက်တော့မယ်နော်"
ကျွန်မရင်ထဲမှာ ဝမ်းသာပီတိတွေ ဖြစ်ပေါ်သွားပါတယ်။
ကြမ်းပိုးနှိမ်နင်းနည်း အကြံဉာဏ်
ပရိသတ်ကြီးရှင်... ကျွန်မ ကိုမျိုးနိုင် (ဆကာကြီး) ကို ကြမ်းပိုးနှိမ်နင်းဖို ပေးလိုက်တဲ့ အကြံဉာဏ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
လမ်းဘေးမှာ အလေ့ကျ ပေါက်တတ်တဲ့ ပိစပ်ပင် (ခေါ်) ရှမ်းပြေးပင် ရဲ့ အရွက်လတ် တစ်ဆုပ်၊ နှစ်ဆုပ်ခန့်ကို ခူးယူပါ။ ရေစင်အောင်ဆေးပြီး မိမိအိပ်တဲ့ အိပ်ယာအောက်မှာ ဖြန့်ခင်းအိပ်ပါ။
နောက်တစ်နေ့မှာတော့ အရွက်ဟောင်းတွေကို စွန့်ပစ်ပြီး အရွက်အသစ် ထပ်မံဖြန့်ခင်းအိပ်ပါ။
သုံးရက်ခန့် မှန်မှန် ပြုလုပ်ပေးမယ်ဆိုရင် ကြမ်းပိုးအန္တရာယ်က ကင်းဝေးသွားပါလိမ့်မယ်။
(ကြမ်းပိုး မ6သဘဲ ထွက်ပြေးသွားတာဖြစ်လို ပါဏာတိပါတာကံလည်း မထိုက်ပါဘူးရှင်။)