2 ပတ် - ဘာသာပြန်ပါ။

သူ့ခြေရာကို ဆက်ခံမဲ့ ပါရမီရှင်အား လီယွန်နယ်မက်ဆီ ရွေးချယ်လာ
====================

လီယွန်နယ်မက်ဆီက ဘောလုံးသမိုင်းမှာရော အားကစားသမိုင်းမှာရော အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်သလို လက်ရှိ ဘောလုံးလောကတွင်လည်း အကောင်းဆုံးကစားသမားစာရင်းဝင်တစ်ဦးအဖြစ် ရပ်တည်နေတုန်း ဖြစ်ပါတယ်။
မက်ဆီဟာ ထိပ်တန်းအဆင့်တွင် ကျင်လည်လာခဲ့ပေမဲ့လည်း ယခုအခါ ကစားသမားဘဝ အဆုံးသတ်ရေး တဖြည်းဖြည်း နီးကပ်လာပြီလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားဂန္ထဝင်ဟာ Ballon d'Or ဆုကို ၈ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးထားကာ မဟာပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုထက် ၃ ကြိမ် ပိုမို ဆွတ်ခူးထားပါတယ်။
မက်ဆီဟာ ပထမဆုံး Ballon d'Or ဆုကို အသက် ၂၂ နှစ်၊ ၁၆၀ ရက်မှာ ဆွတ်ခူးခဲ့တာ ဖြစ်ပြီး မိုက်ကယ်အိုဝင်၊ ရော်နယ်ဒိုတို့ပြီးလျှင် တတိယအသက်အငယ်ဆုံး Ballon d'Or ဆုရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။
မက်ဆီဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝအတွင်းတွင် အသင်းလိုက် ဆုဖလားများအဖြစ် ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ လာလီဂါဖလား ၁၀ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးထားပါတယ်။
ယခု Adidas က ပြုလုပ်တဲ့ ပွဲတစ်ခုမှာတော့ မက်ဆီက သူ့ရဲ့ ခြေရာကို နင်းကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမဲ့သူကို ရွေးချယ်လာပါတယ်။
မက်ဆီက "မျိုးဆက်သစ်ဘောလုံးသမားတွေ အရမ်းကောင်းကြတယ်။ ရှေ့မှာ နှစ်ပေါင်းများစွာ ရှိသေးတယ်။ ဒါပေမဲ့ သူလုပ်ပြခဲ့တာတွေ၊ အနာဂတ်တွေကို ကြည့်ပြီး ‌အသက်အရွယ်အရ တစ်ဦးဦးကို ရွေးရမယ်ဆိုရင် လာမိန်း(ယာမဲလ်)ပါ။ သံသယဝင်စရာ မရှိပါဘူး။ သူက အကောင်းဆုံးပါ"လို့ ပြောကြားသွားပါတယ်။
လာမိန်းဟာ Laureus Young Sportsperson of the Year ဆုကို ဆွတ်ခူးထားကာ အသက် ၂၁ နှစ်အောက် အားကစားသမားများထဲတွင် အကောင်းဆုံးအားကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။
သူဟာ ယမန်နှစ် Ballon d'Or ဆုပေးပွဲတွင် ဒမ်ဘီလီအောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

image