3 ပတ် - ဘာသာပြန်ပါ။

လီဗာပူးပရိသတ်များရဲ့ ဒေါသတကြီးဆက်ဆံမှု ခံရပြီးနောက် အန်ဂူမိုဟာအား လူစားလဲလှယ်မှုအပေါ် အန်းဆလော့ ရှင်းလင်းလာ
====================

လီဗာပူးနည်းပြအန်းဆလော့ဟာ စနေနေ့တုန်းက ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် အန်ဖီးလ်ရှိ ပရိသတ်များရဲ့ ဒေါသတကြီးဆက်ဆံခြင်းခံရပြီးနောက် ခြေစွမ်းပြကစားနေတဲ့ ရီယိုအန်ဂူမိုဟာအား လူစားလဲလှယ်မှုအပေါ် ရှင်းလင်းလာပါတယ်။
လီဗာပူးတောင်ပံကစားသမားဟာ ချဲလ်ဆီးနှင့်ပွဲတွင် ခြေစွမ်းပြကစားနေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းတွင် အန်းဆလော့ရဲ့ အံ့ဩသင့်ဖွယ် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။ ယင်းနောက်မှာတော့ လီဗာပူးပရိသတ်များဟာ အန်းဆလော့အား လှောင်ပြောင်မှု ပြုလုပ်လာပါတယ်။
အသက် ၁၇ နှစ်ရှိ အန်ဂူမိုဟာဟာ ရိုင်ယန်ဂရာဗန်ဗစ်ချ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပြီး ခြေစွမ်းပြကစားနေခဲ့တဲ့သူပါ။
ဒါပေမဲ့ ပွဲအပြီးတွင် အန်းဆလော့က ကြံ့ခိုင်ရေးပြဿနာကြောင့် အန်ဂူမိုဟာအား အီဆက်ခ်နှင့် လူစားလဲလှယ်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းလာပါတယ်။
အန်းဆလော့က "သူ ဒဏ်ရာမရထားပါဘူး။ ကွင်းထဲမှာ မလဲကျခင်တုန်းက ကြွက်တက်ထားတယ်။ သူ့ကို ဆက်သွယ်ကြည့်တော့ ဆက်မကစားနိုင်တော့ဘူးလို့ ပြောလာလို့ လူစားလဲလိုက်တာပါ။ ကောင်းကောင်းကစားနေတဲ့အပြင် ဖန်တီးမှုလည်း လုပ်ထားတဲ့ သူကို ဘယ်သူကမှ လူစားလဲလှယ်လာဖို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော်ကလည်း လူစားလဲဖို့ မရည်ထားပါဘူး"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်သေချာရေး ချဲလ်ဆီးကို အနိုင်ရှရိရန် လိုအပ်နေခဲ့ပေမဲ့ သရေဖြင့်သာ ကျေနပ်ခဲ့ရတာပါ။
လီဗာပူးဟာ ချဲလ်ဆီးနှင့် စိတ်ပျက်စရာသရေကျခဲ့တဲ့ပွဲတွင် အန်ဂူမိုဟာရဲ့ ကြံ့ခိုင်ရေးအပေါ် စိုးရိမ်စရာဖြစ်ခဲ့သလို နောက်ခံလူအီဘရာဟမ်ကိုနာတေးရဲ့ အခြေအနေအပေါ်လည်း စိုးရိမ်နေရပါတယ်။
ပြင်သစ်နောက်ခံလူဟာ ယင်းပွဲနှောင်းပိုင်းတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။ လီဗာပူးဟာ ကိုနာတေးရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

image