လီဂူး ၁ သို့ တန်းတက်ခွင့်ရလာတဲ့ သီဘောက်ကော့တွိုက်စ်၊ တင်းနစ်ဂန္ထဝင်ဂျူကိုဗစ်တို့ပိုင် ပြင်သစ်ကလပ်
====================

လီမန်းစ်ဟာ လီဂူး ၂ ရာသီသိမ်းပွဲတွင် ဘာစတီယာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လီဂူး ၁ သို့ တန်းတက်လာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လီမန်းစ်ဟာ လီဂူး ၁ သို့ တရားဝင် တန်းတက်ရခြင်းမရှိတော့ မရှိသေးပါဘူး။ အဆိုပါပွဲစဉ်ရဲ့ အချိန်ပိုတွင် ဘာစတီယာပရိသတ်များက လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ၊ မီးခိုးဗုံးများ ကွင်းအတွင်း ပစ်ဖောက်ခွဲမှုများနှင့်အတူ ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်မှာ ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ဒိုင်လူကြီးက ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းသို့ ဝင်ရောက်ရန် ညွှန်ကြားကာ ပွဲကို ရပ်ဆိုင်းခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် လီမန်းစ်ဟာ လီဂူး ၁သို့ တန်းတက်နိုင်မှု အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ လီမန်းစ်ဟာ ၁၀ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိခဲ့တဲ့အပြင် စိန့်အက်တီယန်ရဲ့ နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ဆိုးရွားမှုအား အခွင့်အရေး ယူနိုင်မှုနှင့်အတူ တန်းတက်ရန် သေချာသွားပြီ ဖြစ်ပါတယ်။
လီမန်းစ်ဟာ ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် ၂-၀ ဖြင့် အနိုင်ရပြီး ပွဲကို ရပ်ဆိုင်းခဲ့ရတာ ဖြစ်လို့ ပွဲကို ၃-၀ ဖြင့် အနိုင်ပေးခြင်းခံလာရဖို့ ရှိပါတယ်။
တဖက်တွင် ဘာစတီယာမှာလည်း Championnat National သို့ တန်းဆင်းလိုက်ရပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်တွင် ဒေဝါလီခံခဲ့ရပြီးနောက် ဆဌမတန်းလိဂ်သို့ တန်းဆင်းခဲ့ရတဲ့ လီမန်းစ်ကို ဘရာဇီးရင်းနှီးမြှပ်နှံရေးအဖွဲ့ OutField က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဒီကလပ်တွင် တင်းနစ်ဂန္ထဝင် နိုဗစ်ဂျူကိုဗစ်၊ ဖော်မြူလာဝမ်းကားမောင်းသမားဟောင်းများဖြစ်ကြတဲ့ ဖီးလစ်ပီမက်စ်ဆာ၊ ကီဗင်မက်ဂနပ်စ်ဆင်တို့အပြင် ရီးရဲလ်မက်ဒရစ်နှင့် ဘယ်လ်ဂျီယံဂိုးသမားသီဘောက်ကော့တွိုက်စ်တို့လည်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားတာပါ။
လီမန်းစ်ဟာ ချန်ပီယံ ထရိုယက်စ်နှင့်အတူ လီဂူး ၁ သို့ တိုက်ရိုက်တန်းတက်နိုင်ခဲ့တာ ဖြစ်ပြီး ကျန်တန်းတက်တစ်နေရာအတွက် စိန့်အက်တီယန်နီ၊ ရက်စတား၊ ရိုဒက်ဇ်တို့ ပလေးအော့ဖ်ယှဉ်ပြိုင်ကစားရပါမယ်။

image