ပြိုင်ဘက်ကစားသမားရဲ့ ညစ်ပတ်မှုကြောင့် ပင်နယ်တီ ၂၄ ကြိမ်ဆက် ဝင်အောင် သွင်းထားတဲ့မှတ်တမ်း အဆုံးသတ်သွားခဲ့တဲ့ ဟယ်ရီကိန်း
=====================
ဟယ်ရီကိန်းဟာ ဝုဖ်ဘတ်နှင့်ပွဲတွင် ပြိုင်ဘက်ကစားသမားရဲ့ အားကစားသမားမပီသတဲ့ အပြုအမူလုပ်ရပ်ကြောင့် ပင်နယ်တီ လွဲချော်လာမှုနှင့်အတူ ပင်နယ်တီ ၂၄ ကြိမ်ဆက် ဝင်အောင် သွင်းထားတဲ့ မှတ်တမ်းကြီး အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ယခု ၂၀၂၅-၂၆ ရာသီတွင် ဥရောပရဲ့အကောင်းဆုံးပင်နယ်တီကန်သွင်းသူအဖြစ်သာမက အဆုံးသတ်အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ထားပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အတွက် ၄၉ ပွဲကစားထားရာမှာ ၅၅ ဂိုးအထိ သွင်းကာ ကစားသမားဘဝ အကောင်းဆုံးဂိူးသွင်းမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။
ဒါပေမဲ့ ဟယ်ရီကိန်းဟာ ဝုဖ်ဘတ်နှင့်ပွဲစဉ်မှာတော့ ယခုရာသီ ဘွန်ဒက်စ်လီဂါ ၁၁ ကြိမ်မြောက်ပင်နယ်တီနှင့် ၃၄ ဂိုးမြောက်ဂိုးအား သွင်းနိုင်မဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းလာပြီးနောက် ပင်နယ်တီ ၂၄ ကြိမ်ဆက် ဝင်အောင် သွင်းထားသူလည်း ဖြစ်ပါတယ်။
သူဟာ ပွဲချိန် ၃၄ မိနစ်မှာ အိုလစ်ကြောင့် ရရှိတဲ့ ပင်နယ်တီကနေ ဂိုးသွင်းနိုင်မဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဟယ်ရီကိန်းဟာ ယင်းပင်နယ်တီကို ကန်ရာမှာတော့ အနည်းငယ်ခြေချော်လာမှုနှင့်အတူ လွဲချော်သွားခဲ့ပါတယ်။
ရုပ်သံပြကွက်များအရ ဝုဖ်ဘတ်ဗဟိုနောက်ခံလူဂျန်နူရယ်ဘီလီစီယန်ဟာ ဟယ်ီရကိန်းပင်နယ်တီ မကန်သွင်းမီ ပင်နယ်တီကန်သွင်းမဲ့အမှတ်အသားမြက်ခင်းနေရာကို ကန်ရခက်ခဲအောင် ခြေထောက်ဖြင့် ဖျက်ဆီးမှု ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်း ပင်နယ်တီ လွဲချော်ခဲ့ပေမဲ့လည်း မိုက်ကယ်အိုလစ်ရဲ့ ၅၆ မိနစ်မှာ သွင်းယူတဲ့ လှပတဲ့ အနိုင်ဂိုးဖြင့် ဝုဖ်ဘတ်အား ၁-၀ ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။