3 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ရေး အချက် ၁၀ ချက်အား တောင်းဆိုမှု ပြုလုပ်လာတဲ့ အီရန်
==================

အီရန်ဟာ နွေရာသီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် ဖီဖာထံမှ အာမခံချက်များ တောင်းဆိုမှု ပြုလုပ်လာပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့လတုန်းက ကနေဒါတွင် ကျင်းပတဲ့ ဖီဖာကွန်ဂရက်သို့ တက်ရောက်ရန် သွားစဉ် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာနှင့် ကိုယ်စားလှယ်များ နိုင်ငံဝင်ခွင့် ငြင်းပယ်ခံရကာ အိမ်ပြန်ခဲ့ရပြီးနောက် ယခုကဲ့သို့ ဖီဖာထံသို့ အာမခံချက်များ တောင်းဆိုလာတာပါ။
မီဒီတာဟာ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွင် ရာထူးကြီး ရယူထားသူ ဖြစ်ပြီး ယင်းအဖွဲ့အစည်းကို ကနေဒါနှင့် အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့်လည်း မီဒီတာဟာ ကနေဒါသို့ လာချိန်တွင် ပြည်ဝင်ခွင့် မရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ အီရန်ဘောလုံးအဖွဲ့ချုပ်ဟာ ဇွန်လ ၁၁ ရက်နေ့မှ စတင်ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်ရေးအတွက် ဖီဖာထံမှ အာမခံချက် ၁၀ ခု တောင်းဆိုလာပါတယ်။
အီရန်ဟာ လက်ရွေးစင်အသင်းအား ဆက်ဆံမှုအပေါ် အာမခံချက်များ တောင်းဆိုလာတာ ဖြစ်ပြီး အီရန်နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အား လေးစားရန် တောင်းဆိုထားပါတယ်။ ဒါ့အပြင် အီရန်က ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်အတွင်း လေဆိပ်၊ ဟိုတယ်၊ ကွင်းများတွင် လုံခြုံစေရေး အာမခံချက်တောင်းဆိုထားပါတယ်။
အီရန်ရဲ့ တောင်းဆိုမှုအချို့တို့မှာ ဖီဖာအနေဖြင့် ပြုလုပ်ပေးရန် လွယ်ကူတဲ့အရာများလည်း ဖြစ်နေပါတယ်။
တဖက်တွင် ဖီဖာအနေဖြင့် ဗီဇာ၊ နယ်စပ်ထိန်းချုပ်မှု၊ လုံခြုံရေးပိုင်း အကာအကွယ်ပေးရေး အာမခံချက်တို့ကိုမူ ပေးလာနိုင်ဖို့ မရှိပါဘူး။ ယင်းတို့မှာ အမေရိကန်အာဏာပိုင်များနှင့်သာ သက်ဆိုင်နေတာ ဖြစ်ပြီး ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းနှင့် မသက်ဆိုင်ပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက အီရန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှ ကြိုဆိုလာမှာ ဖြစ်ပေမဲ့လည်း အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် ဆက်စပ်နေသူများမှာမူ အမေရိကန်သို့ ရောက်လာချိန်တွင် ကန့်သတ်မှုများဖြင့် ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။
အစ္စရေးနှင့် အီရန်တို့ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက အီရန်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး စစ်ပွဲကို စတင်ခဲ့ပါတယ်။ အီရန်ကလည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံများဖြစ်ကြတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကာ တုံ့ပြန်ခဲ့ပါတယ်။
ယင်းနောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ရှိခဲ့ပေမဲ့ ယခုတိုင် တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်ပါတယ်။

image