3 ရက် - ဘာသာပြန်ပါ။

ကမ္ဘာကျော်အဆိုတော် Darke ရဲ့ အဆက်အသွယ်ဖြင့် စီးရီးအေတန်းတက် ဗီနီဇီယာတွင် ဒေါ်လာသန်းတစ်ရာကျော် ရင်းနှီးမြှုပ်နှံလာတဲ့ မေဂျာလိဂ်အမှုဆောင်ဟောင်းတမ်လိုက်ဝီကီ
===================

မေဂျာလိဂ်ကလပ်နှစ်ခုတွင် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့အပြင် အားကစားဘရန်းပေါင်းများစွာတွင်လည်း အလုပ်လုပ်လာတဲ့ တမ်လိုက်ဝီကီဟာ စီးရီးအေတန်းတက်ဗီနီဇီယာအက်ဖ်စီတွင် ဒေါ်လာသန်းတစ်ရာကျော် ရင်းနှီးမြှုပ်နှံလာပါတယ်။
တမ်လိုက်ဝီကီဟာ ကနေဒါအဆိုတော် Drake ရဲ့ မိတ်ဆက်ပေးမှုဖြင့် ကလပ်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဗီနီဇီယာတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လာသူလည်း ဖြစ်ပါတယ်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ သမီးဖြစ်သူဖရန်ဆစ္စကာဘိုဒီနှင့်အတူ စီးရီးအေတန်းတက်ရဲ့ ဘုတ်အဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်လာပါမယ်။
လိုက်ဝီကီဟာ ဘောလုံးလောကတွင် ရင်းနှီးမြှုပ်နှံတဲ့အတွေ့အကြုံများစွာ ရှိသူ ဖြစ်ပြီး အယ်လ်အေဂလက်ဆီနှင့် တိုရွန်တိုအက်ဖ်စီတို့တွင် ရင်းနှီးမြှုပ်နှံဖူးပါတယ်။
သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအကူအညီဖြင့် အယ်လ်အေဂလက်ဆီဟာ မေဂျာလိဂ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာအောင် ဒေးဗစ်ဘက်ဟမ်းအား ခေါ်ယူနိုင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် သူဟာ Toronto Maple Leafs ၊ Los Angeles Kings စတဲ့ ဟော်ကီအသင်းများတွင်လည်း ရင်းနှီးမြှုပ်နှံဖူးပါတယ်။
ဗီနီဇီယာအသင်းကို ကနေဒါရပ်ပ်အဆိုတော် Drake ကလည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတာပါ။
ဗီနီဇီယာဟာ ပြီးခဲ့တဲ့အပတ်တုန်းက စီးရီးအေသို့ ပြန်တက်ခွင့်ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။

image