3 d - Translate

ကိုယ် ပြိုလဲသွားလို့မရဘူးလေ ။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရှင်သန်ရမယ် ။ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ ကျော်ဖြတ်ရမယ် ဒဏ်ရာတွေကို မစာနာတာလဲ မဟုတ်ဘူး မင်းနေရာကို မ၀င်ကြည့်ဖူးလို့ ဒီစကားတွေပြောနေတာ မဟုတ်ဘူး တကယ်တမ်း အရေးကြုံလာတဲ့အခါ ကိုယ့်အနားကိုယ်ပဲ ရှိတတ်တာမို့ ကိုယ် ပြိုလဲသွားလို့မရဘူးဆိုတာမှန်း သတိပေးနေရုံပါ ။
ပင်ပန်းနေလား ...ခဏနားလိုက် ၀မ်းနည်းနေလား ငိုချလိုက် ။ ကိုယ့်မျက်ရည်ကို အပြစ်တင်မယ့်လူတွေရှေ့မှာ မငိုမိရင် ပြီးရော ။ မွန်းကျပ်နေလား အော်ဟစ်လိုက် သီချင်းကို အသံအဆုံးထိဖွင့်ပြီး အာပြဲကြီးနဲ့ လိုက်ဆိုနေတာမျိုးပေါ့ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေမယ့် နည်းလမ်းနဲ့ ထွက်ပေါက်တော့ ရှာတတ်ရမယ်လေ ။
ကိုယ် အဆင်​မပြေတဲ့အခါ ဘယ်သူရှိမလဲဆိုပြီး ပြေးကြည့်တတ်တဲ့ အကျင့်လေးကိုတော့ ပြင်ပါ ။ တကယ်တကယ့် ကိုယ် ခက်ခဲသွားပြီဆိုရင် ဘယ်သူကမှ ကိုယ့်အနားရှိနေတော့မှာ မဟုတ်ဘူး မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အတိုင်း ကိုယ့်အနားကိုယ်ပဲ ရှိနေတာမျိုးလေ ။
နာကျင်နေရတာလား ...ပြီးတော့ ဒဏ်ရာတွေ အများကြီးရလာတာလား ဒီလူတော့ စာနာလောက်ပါရဲ့ဆိုပြီး ရင်ဖွင့်လိုက်တာထက်စာရင် မြိုသိပ်ပြီး ကြိတ်ငိုလိုက်တာ ​ကောင်းပါတယ် ။ လောကမှာ သူများဒဏ်ရာကို ကုစားပေးတတ်တဲ့ ကိုယ်ချင်းစာတရားတွေ လူတိုင်းမှာ မရှိတော့ဘူးလေ ။ နာကျင်နေလားဆိုပြီး ကိုယ့်ဒဏ်ရာကို ဟားတိုက်ပြီး လှောင်မယ့် လူတွေပဲ များတယ် ။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ ... ရှင်သန်ဖို့ လမ်းကိုပဲ ရွေးပါ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ .... ဖြတ်ကျော်ဖို့ပဲ သတ္တိမွေးပါ ငါ့အနားမှာ ဘယ်သူမှ ရှိမနေပါလားဆိုပြီး တွေးနေတာထက်စာရင် ငါ့အနား ငါရှိနေတာပဲဆိုတဲ့ အတွေးလေးထားပါ ။ ၀မ်းနည်းနေရင်ငိုပါ လမ်းတွေ ပျောက်နေရင် အိပ်လိုက်ပါ
ဘာပဲ ဖြစ်ဖြစ် ကိုယ် ပြိုလဲသွားလို့မရဘူးဆိုတဲ့ သတိလေးရှိနေရင် ရပြီ ။