" နောက်နှစ် February လမှာ ထွက်ရှိလာတော့မယ့် WIT Studio ရဲ့ ONE PIECE: REMAKE "
WIT Studio ဆိုတာကတော့ နာမည်ကြီး Studio တစ်ခုဖြစ်ပြီးတော့ သိတဲ့သူတွေလည်းသိကြမှာပါ။
Attack on Titan ကို Final Season မတိုင်ခင်အထိ ကိုင်တွယ်ခဲ့တဲ့ Studio ပါ။
အခုအခါမှာတော့ ဒီ Studio ကနေလုပ်တဲ့ ပိုမိုကောင်းမွန်တဲ့ Animation တွေ Pacing တွေနဲ့ ONE PIECE Anime အသစ်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ နောက်နှစ် February လမှာ Season 1 စတင်ထွက်ရှိမှာဖြစ်ပြီးတော့ အပိုင်းအားဖြင့် ၇ ပိုင်းပါရှိမှာဖြစ်ပါတယ်။
ဒီ ၇ ပိုင်းက တစ်ပိုင်းကို မိနစ် 40 ကျော်လောက်နဲ့ Season 1 က စုစုပေါင်း မိနစ် 300 နီးပါး ပါရှိမှာဖြစ်ပါတယ်။
Season 1 ကတော့ Baratie စားသောက်ဆိုင်မှာ Luffy တစ်ယောက် Sanji နဲ့တွေ့တဲ့အပိုင်းထိပါမှာဖြစ်ပါတယ်။