လပွတ္တာမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် " ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံတားဖွင့်လှစ်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် "ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံ တားကို လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၌ ယနေ့ မေ ၉ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ တံတားအား လပွတ္တာမြို့နယ်ရှိ စားသုံးဆီလုပ်ငန်းရှင်(၂၄)ဦးကမတည်၍ ဈေးသူဈေးသားများ၊ အလှူရှင်များမှစုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကာ အလျား(၉၅) ပေ၊ အနံ(၃၅)ပေရှိပြီး မြို့၏အချက်အချာကျသောနေရာတွင်တည်ရှိသည်။
ထို့ကြောင့် လပွတ္တာမြို့နယ်ရှိ ကျေးရွာများမှ လိုင်းသင်္ဘောများဆိုက်ကပ်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန် ဆန်ခြင်း၊ ဒေသခံများအတွက်သွားလာရေးအဆင်ပြေစေခြင်းအကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။