နိုင်ငံ ၈ နိုင်ငံ ၏ ယဥ်ကျေးမှုများ လေ့လာနိုင်မည့် "𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 " ကို မေလတွင် ပြုလုပ်မည်
"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့် အမေရိကန်သံရုံးများ၏ ယဉ်ကျေးမှုစင်တာများတွင် သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများကို ရန်ကုန်မြို့တွင် ဝင်ရောက်လေ့လာနိုင်ရန် စီစဥ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး၏ အသိပေးထုတ်ပြန်ချက်အရသိရသည်။
အတွေ့အကြုံအသစ်များ နှီးနှောဖလှယ်မှုအသစ်များနှင့် အတူ မေလတွင် ပြုလုပ်မည်လည်း ဖြစ်သည်။
𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" သည် လာရောက်လည်ပတ်သူများကို အနုပညာ၊ ဂီတ၊ အစားအစာများနှင့် လက်တွေ့ပါဝင်ဆင်နွှဲနိုင်သည့် အစီအစဉ်များမှ တဆင့် ရိုးရာဓလေ့၊ တီထွင်ဖန်တီးမှုများ နှင့် လူမှုအသိုက်အဝန်းအကြောင်းကို တွေ့ကြုံခံစားနိုင်မည့် အခွင့်အရေးများပေးအပ်သွားမည့် နိုင်ငံတကာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံချင်းစီ၏ အကြောင်းကို ပိုပြီးနားလည်နိုင်ရန် ၊ ဆက်ဆံရေးတည်ဆောက်ကြရန်နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေမည့် တမူထူးခြားသည့် အခွင့်အလမ်းများ ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။