Hallan (2025) #မိဘမေတ္တာကိုပုံဖော်ရိုက်ကူးထားလို့လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားသစ်
*********************
IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ... သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။