ဒိုင်လူကြီးနှင့် ပြဿနာတက်ခဲ့လို့ ၂ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလာရတဲ့ ပီကေး
=======================

ဂါရတ်ပီကေးဟာ ဒိုင်လူကြီးတစ်ဦးနှင့် ပြဿနာတက်ခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂ လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
၂၀၂၂ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ စပိန်နှင့် ဘာစီလိုနာနောက်ခံလူဟောင်းဟာ အက်ဖ်စီအန်ဒိုရာရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တုန်းက အယ်ဘာစီတီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ အဖြစ်အပျက်အတွက် အရေးယူခြင်းခံလာရတာပါ။
အဆိုပါပွဲစဉ်အပြီး ပွဲပြီးအစီရင်ခံစာအတွင်းတွင် ဒိုင်လူကြီးအလွန်ဆိုဒီအီနာဝုဖ်က ပီကေးက ၎င်းအား ပွဲအပြီးတွင် "အစောင့်အရှောက်နဲ့ထွက်သွားလိုက်။ မင်းကို ဘယ်သူမှ မတိုက်ခိုက်ဘူး"။ "တခြားနိုင်ငံမှာ ဆိုရင် မင်းကို သူတို့ ထိုးကြလိမ့်မယ်။ ဒါပေမဲ့ ငါတို့ အန်ဒိုရာက ယဉ်ကျေးတဲ့ နိုင်ငံလို့"လို့ ပြောကြားခဲ့ကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။
ဒါ့အပြင် အန်ဒိုရာအသင်းဝန်ထမ်းတစ်ဦးမှာလည်း ပီကေးနှင့် ဒိုင်အကြားပြဿနာအတွင်းတွင် ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အန်ဒိုရာဥက္ကဌဖာရန်ဗီလာဆီကာမှာလည်း ၄ လပွဲပယ်ခံခဲ့ရပြီး အားကစားဒါရိုက်တာဂျာအူမီနိုဂူးစ်မှာလည်း ပွဲပယ်ခံခဲ့ရပါတယ်။
အန်ဒိုရာဟာ စပိန်ဒုတိယတန်းတွင် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့အသင်း ဖြစ်ပါတယ်။
ပီကေးဟာ ဘာစီလိုနာနှင့်အတူ လာလီဂါဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့တဲ့အပြင် စပိန်နှင့်အတူ ကမ္ဘာဖ့လား ၁ ကြိမ်၊ ယူရိုဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

image