3 ရက် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်တွင် အတွင်းလှိုက်စားနေတဲ့ ပြဿနာကြီး ရှိနေပြီလား? El Clasico ပွဲစဉ်မတိုင်မီ ဘက်ပေးနှင့် ရူဒီဂါတို့ ပြဿနာတက်
==================

ရီးရဲလ်မက်ဒရစ်ဟာ El Clasico ပွဲစဉ်မတိုင်မီ အန်တိုနီယိုရူဒီဂါနှင့် ကိုင်လီယန်ဘက်ပေးတို့ကဲ့သို့ စီနီယာစတားများအကြား ပြဿနာဖြစ်လာမှုနှင့်အတူ အသင်းအတွင်း အက်ကွဲကြောင်းကြီး ဖြစ်ပေါ်နေပါတယ်။
လာလီဂါဖလားကို အဆုံးအဖြတ်ပေးလာမဲ့ El Clasico ပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းသားများအကြား ပြဿနာရှိနေမှုနှင့်အတူ အဝတ်အစားလဲခန်းအတွင်း ပြဿနာများ ရင်ဆိုင်လာရပါတယ်။
အသင်းအတွင်း ပထမဆုံး ပြဿနာကြုံလာတာက ဧပြီလတုန်းက ဝါရင့်နောက်ခံလူအန်တိုနီယိုရူဒီဂါမှာ ကလပ်လေ့ကျင့်ရေးကွင်းတွင် ကစားဖော်တစ်ဦးနှင့် ပြဿနာတက်ရာမှ စတင်ခဲ့တာပါ။
The Athletic ရဲ့ဖော်ပြမှုအရ ဂျာမနီလက်ရွေးစင်ဟာ ပဋိပက္ခဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းတွင် ရူဒီဂါဟာ သူ့အမှားအတွက် တောင်းပန်ကာ တစ်သင်းလုံးနှင့်မိသားစုဝင်များအား နေ့လည်စာ ဖိတ်ကျွေးကာ ပြဿနာများကို ပြေလည်မှု ရယူခဲ့ပါတယ်။
ဒါပေမဲ့ ရူဒီဂါဟာ ယင်းအဖြစ်အပျက်အတွက် တစုံတရာ အရေးယူခံခဲ့ရခြင်း မရှိပါဘူး။
တဖက်တွင် ကိုင်လီယန်ဘက်ပေးမှာလည်း အယ်ဗာရိုအာဘီလိုအာရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးနှင့် ပြဿနာတက်ခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းအတွင်း ကစားတဲ့ ဘောလုံးပွဲတွင် ဘက်ပေးဟာ စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြအဖွဲ့ဝင်အား လူကျွံအလံထောင်မှုအတွက် ဆဲဆိုပြောကြားရာမှာ ပြဿနာတက်ခဲ့တာပါ။
ဘက်ပေးဟာ အချင်းများစွာအတွင်း ယင်းနည်းပြအဖွဲ့ဝင်ကို ဆဲဆိုမှုများ ပြုလုပ်ခဲ့ကာ စူပါစတားနှင့် နည်းပြအဖွဲ့ဝင်များအကြား တင်းမာမှုများ ဖြစ်ပျက်ခဲ့ပါတယ်။
ယင်းနောက် ဘက်ပေးဟာ ဒဏ်ရာကြောင့် ပွဲမကစားနိုင်ချိန်တွင် ချစ်သူသစ်နှင့်အတူ ဆာဒီနီးယားသို့ အပန်းဖြေခရီးထွက်ခွာမှုနှင့်အတူ ကလပ်ရဲ့အရေးပါတဲ့ကာလတွင် အသင်းနှင့်အတူ မရှိနေမှုနှင့်အတူ အပြင်းအထန် ဝေဖန်ခြင်းခံလာရပါတယ်။
တဖက်တွင် ဘက်ပေးရဲ့ ကိုယ်စားလှယ်များကလည်း ကစားသမားရဲ့ ကလပ်အတွက် အစွမ်းကုန်လုပ်ဆောင်ပေးမှုအပေါ် သံသယဝင်စရာမရှိကြောင်း တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် အာဘီလိုအာကလည်း ကစားသမားများအနေဖြင့် လွတ်လပ်တဲ့အချိန်တွင် အချိန်ကို စိတ်ကြိုက်အသုံးပြုနိုင်ကြောင်း ပြောဆိုထားပါတယ်။

image