3 ရက် - ဘာသာပြန်ပါ။

လက်ကျန် ပရီးမီးယားလိဂ်ပွဲများတွင် ကူညာကို အနားပေးမယ်ဆိုတဲ့သတင်းကို ယူနိုက်တက်တုံ့ပြန်လာ
==================

ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေစေရန်အတွက် ရာသီလက်ကျန်ပွဲများတွင် မားသီးယပ်စ်ကူညာကို အနားပေးရန် ဘရာဇီးဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ငြင်းဆိုလာပါတယ်။
ESPN က ဘရာဇီးနည်းပြကာလိုအန်ဆယ်လော့တီမှာ ကူညာအား လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အလန်းဆန်းဆုံး ဖြစ်နေစေရန်အတွက် ရာသီလက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲတွင် အနားပေးရန် ယူနိုက်တက်အား တောင်းဆိုခဲ့ကာ သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြသွားပါတယ်။
ဒါပေမဲ့ ယခုအခါ ယူနိုက်တက်ဘက်က အန်ဆယ်လော့တီအပါအဝင် မည်သည့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့်မျှ တွေ့ဆုံဆွေးနွေးမှု မရှိကြောင်း ငြင်းဆိုလာပါတယ်။
ဒါ့အပြင် ကူညာမှာ ယူနိုက်တက်ရဲ့ လက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကစားသွားမယ်လို့ The Mirror က ဖော်ပြသွားပါတယ်။
မိုက်ကယ်ကာရစ်ဦးဆောင်တဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အိုးထရက်ဖို့ဒ်တွင် ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးကို အနိုင်ရရှိပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် မိုက်ကယ်ကာရစ်က ပရီးမီးယားလိဂ်တွင် အဆင့် ၃ ဖြင့် ရာသီသိမ်းရေး ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာမှာ ရပ်တည်လာပါက ပေါင်သန်း ၅၀ အထိ ဆုကြေး ရရှိလာပါမယ်။
ယူနိုက်တက်အနေဖြင့် ရာသီလက်ကျန်ပွဲများတွင် ရလဒ်ဆိုးရွားကာ အဆင့်လျှော့ကျလာပါက ဆုကြေးငွေ ခံစားခွင့်လည်း လျှော့ကျလာပါမယ်။
အလယ်တန်းတိုက်စစ်သမားကူညာဟာ နွေရာသီတုန်းက ဝုဗ်မှ ပေါင် ၆၂.၅ သန်းဖြင့် ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ် ၂၇ ပွဲ ပွဲထွက်ကစားထားကာ ၉ ဂိုးသွင်းထားပါတယ်။ သူဟာ အာဆင်နယ်၊ ဗီလာ၊ ချဲလ်ဆီးနှင့် လီဗာပူးတို့အား အနိုင်ရတဲ့ပွဲများတွင် အဆုံးအဖြတ်အနိုင်ဂိုးသွင်းပေးထားပါတယ်။
အသက် ၂၆ နှစ်ရှိ ကူညာဟာ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးအတွက် ပထမဆုံးပွဲ ကစားခွင့်ရပြီးနောက် ၂၁ ပွဲကစားထားသူ ဖြစ်ပြီး နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးတိုက်စစ်အား ဦးဆောင်လာမဲ့သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

image