4 ပတ် - ဘာသာပြန်ပါ။

ဥရောပထိပ်သီးကလပ်သို့ ပြောင်းကာ ဖခင်ဖြစ်သူနှင့် တွဲကစားခွင့်ရမဲ့ အခွင့်အရေးကို ငြင်းပယ်လာဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာ
====================
ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ဥရောပထိပ်သီးကလပ်သို့ ပြောင်းကာ ဖခင်ဖြစ်သူနှင့်အတူ Al-Nassr တွင် တွဲကစားခွင့် ရရှိလာမဲ့ အခွင့်အရေးကို ငြင်းပယ်လာဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ သားအကြီးဆုံးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအိပ်မက် အကောင်အထည်ဖော်ရေး ဥရောပထိပ်တန်းအကယ်ဒမီများတွင် စမ်းသပ်မှုများ ခံယူလာခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၁၅ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr လူငယ်အသင်းတွင် ကစားနေသူပါ။

ဆယ်ကျော်သက်ကစားသမားဟာ လာမယ့်ရာသီတွင် ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr စီနီယာအသင်းသို့ တက်လှမ်းခွင့်ရမယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ဖခင်ဖြစ်သူကဲ့သို့ပင် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ကဲ့သို့ ဥရောပထိပ်သီးကလပ်များတွင် ကစားရန် ဆန္ဒပြင်းပြနေပါတယ်။

ရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ယူနိုက်တက်အကယ်ဒမီတို့တွင် ကစားခဲ့သူပါ။

သူဟာ လာမဲ့ရာသီတွင် ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr အသင်းကြီးသို့ တက်လှမ်းခွင့်ရမဲ့ အခွင့်အရေး ရရှိထားပေမဲ့လည်း ဗြိတိန် (သို့မဟုတ်) မက်ဒရစ်သို့ ပြောင်းကာ အရည်အချင်းကို စမ်းသပ်ခံရန် စိတ်အားထက်သန်နေပါတယ်။

ပေါ်တူဂီလူငယ်အသင်းလက်ရွေးစင်ဟာ မတ်လတုန်းက ဖခင်ဖြစ်သူ ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့သူလည်း ဖြစ်ပါတယ်။

တဖက်တွင် ဒေါ့မွန်နှင့် စပို့တင်းလစ္စဘွန်းတို့ကလည်း ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာကို ခေါ်ယူရေး စိတ်ဝင်စားနေကြပါသေးတယ်။

ရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ နှင့် ယူ-၁၇ တို့တွင် ကစားထားသူဖြစ်ပြီး နိုဝင်ဘာလတုန်းက ယူ-၁၇ နှင့်အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ဂျူဗင်တပ်ယူ-၉ မှာ ကစားစဉ်တုန်းက ၂၃ ပွဲတွင် ၅၈ ဂိုး၊ Al-Nassr ယူ-၁၅ အသင်းအတွက် ၂၇ ပွဲတွင် ၅၆ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပါတယ်။

image