နည်းပြသစ်ရာထူးအတွက် လျာထားစာရင်းတွင် ဘာစီလိုနာနည်းပြဟောင်းဇာဗီးကိုလည်း ချဲလ်ဆီး ထည့်သွင်းလာ
====================
ချဲလ်ဆီးဟာ နည်းပြသစ်ရာထူးအတွက် လျာထားစာရင်းတွင် ဘာစီလိုနာဂန္ထဝင်ဇာဗီးဟာနန်ဒက်ဇ်နှင့် ကစားဖော် ၂ ဦးတို့ကို ထည့်သွင်းလာပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အမြဲတမ်းနည်းပြသစ် ခန့်အပ်ရေး ရှာဖွေမှုများ ပြုလုပ်နေပါတယ်။
Independent ရဲ့ ဖော်ပြလာမှုအရ ဘာစီလိုနာနည်းပြဟောင်းဇာဗီးမှာ ချဲလ်ဆီးရဲ့ လျာထားစာရင်းတွင် ပါဝင်နေကြောင်း သိရပါတယ်။
ဇာဗီးဟာ ဘာစီလိုနာကို သုံးရာသီကြာ ကိုင်တွယ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ထွက်ခွာလာခဲ့ကာ အသင်းလက်မဲ့ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းတာဝန်ရှိသူများဟာ ဇာဗီးမှာ လက်ရှိ အသင်းရဲ့ စီမံကိန်းကို ဆက်လက်ဦးဆောင်လုပ်ဆောင်နိုင်တဲ့သူအဖြစ် မြင်နေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးရဲ့ နည်းပြရာထူးအတွက် လျာထားစာရင်းတွင် ဇာဘီးအလွန်ဆိုနှင့် ဆက်စ်ဖာဘရီဂက်စ်တို့လည်း ပါဝင်နေပါတယ်။
ချဲလ်ဆီးနည်းပြရာထူးအတွက် လျာထားခံရသူ ၃ ဦးလုံးမှာ စပိန်လူမျိုးများ ဖြစ်ကြပြီး ကစားသမားဘဝတုန်းက စပိန်အသင်းတွင် အတူတွဲကစားခဲ့ကြသူများ ဖြစ်ပါတယ်။
ဇာဘီးအလွန်ဆိုမှာ ယခုနှစ်အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။ သူဟာ နွေရာသီတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပြီး အသင်းဟောင်းလီဗာပူးရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။
ဖာဘရီဂက်စ်မှာ စီးရီးအေကလပ် ကိုမိုကို ကိုင်တွယ်နေပြီး ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ပေးနေသူလည်း ဖြစ်ပါတယ်။