2 ပတ် - ဘာသာပြန်ပါ။

လျှာ" ဆိုတာ အရသာခံဖို့တင် မဟုတ်ဘဲ အစာခြေစနစ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
တရုတ်တိုင်းရင်းဆေးပညာအမြင်
တရုတ်တိုင်းရင်းဆေးပညာအရ လျှာဟာ "အူလမ်းကြောင်း၊ အစာအိမ်၊ အသည်းနဲ့ သရက်ရွက်" တို့ရဲ့ ကျန်းမာရေးကို ဖော်ပြနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် ပါးစောင်ထဲမှာ လျှာကို ဖြည်းဖြည်းချင်း လှည့်ပေးခြင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့အပြင် တံတွေးထွက်ရှိမှုကိုလည်း ပိုမိုများပြားစေပါတယ်။ တံတွေးထဲမှာပါဝင်တဲ့ သဘာဝအစာခြေအင်ဇိုင်း (Enzyme) တွေက ခံတွင်းထဲကစတင်ပြီး အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။
လျှာလှည့်ခြင်းက ဘယ်လိုကြောင့် "နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာလဲ"?
လျှာလှည့်ပေးခြင်းက ခန္ဓာကိုယ်ကို ပြေလျော့စေတဲ့ အာရုံကြောစနစ်ကို အသက်ဝင်စေလို့ အိပ်ပျော်ရလွယ်ကူစေပါတယ်။
ဘာကြောင့် "ဗိုက်ချပ်စေတာလဲ"?
အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် မနက်နိုးတဲ့အခါ ဗိုက်ပွဗိုက်ကယ်တာမျိုး မရှိဘဲ ဗိုက်ချပ်နေစေတာ ဖြစ်ပါတယ်။
အိပ်ရာမဝင်ခင် ၂ မိနစ် ရိုးရှင်းတဲ့ လေ့ကျင့်နည်း
၁။ သက်သောင့်သက်သာ ထိုင်ပါ သို့မဟုတ် မှီလိုက်ပါ။ မျက်စိမှိတ်ထားပါ။
၂။ ပါးစပ်ထဲမှာ လျှာကို ဖြည်းဖြည်းချင်း စတင်လှုပ်ရှားပါ။
၃။ ပါးစောင်တစ်လျှောက် လျှာကို နာရီလက်တံပြောင်းပြန် (၁၀) ကြိမ် ဝိုင်းလှည့်ပေးပါ။
၄။ ပြီးနောက် နာရီလက်တံအတိုင်း (၁၀) ကြိမ် ထပ်မံလှည့်ပေးပါ။
၅။ တစ်ချိန်တည်းမှာပဲ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူပေးပါ။
၆။ ထွက်လာတဲ့ တံတွေးကို ဖြည်းဖြည်းချင်း မျိုချပြီး အိပ်စက်နိုင်ပါပြီ။
အဆုံးထိဖတ်ပြီးပြီဆိုရင် "လွယ်ကူပြီး အရမ်းကောင်းတယ်" လို့ Comment ရေးခဲ့ပေးပါဦးနော်။

image