မေ ၅ ရက်တွင် တတိယမြောက်ငလျင် ခန္တီးမြို့အနီးလှုပ်ခတ်
မေ ၅ ရက်နေ့အတွင်း တတိယမြောက်ငလျင်တစ်ခုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အနီးတွင် ယနေ့ ည ၇ နာရီ ၅၃ မိနစ် ၃၄ စက္ကန့်ခန့်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ငလျင်သည် ခန္တီးမြို့၏ အရှေ့တောင်ဘက် ၉ မိုင်ခန့်အကွာ၊ မြေအနက် ၈၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မဂ္ဂနီကျု ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်ဖြစ်ကြောင်း သိရသည်။
ယနေ့ မေ ၅ ရက်အတွင်း၌ပင် ကချင်ပြည်နယ်၊ ကာမိုင်းမြို့အနီးတွင် မဂ္ဂနီကျု ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အနီးတွင် မဂ္ဂနီကျု ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုတို့လည်း လှုပ်ခတ်ခဲ့ကြောင်း သိရသည်။