1 ပတ် - ဘာသာပြန်ပါ။

ချယ်လ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ယာယီနည်းပြ ဝန်ခံ

ချယ်လ်ဆီးအသင်းယာယီနည်းပြ ကာလမ်မက်ဖာလိန်းက နော်တင်ဟမ်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက အသင်းစွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
၎င်းက ချယ်လ်ဆီးအသင်းရဲ့ပွဲအစကစားပုံဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပွဲအစ နှစ်မိနစ်မှာပဲ နော်တင်ဟမ်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်နောက်ပိုင်းမှာ ပွဲကို လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။
''စွမ်းဆောင်ရည်အရရော ရလဒ်ပိုင်းအရပါ အမှန်တကယ် စိတ်ပျက်မိပါတယ်။ ယနေ့မှာ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့ အနေအထားမျိုး ရောက်ခဲ့တယ်လို့ မထင်ပါဘူး။ ပထမဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့ရှိသင့်တဲ့ အခြေအနေနဲ့ မနီးစပ်ခဲ့ဘူးလို တွေးခဲ့ပါတယ်။ အစောပိုင်းဂိုးက ပေါ့ပေါ့တန်တန် နိုင်လွန်းလှပါတယ်။ ဒီလိုအခိုက်အတန့်မျိုးမှာ ကျွန်တော်တို့ ပြန်ကောင်းလာဖို့ မမြင်မိပါဘူး။ အစမကောင်းခဲ့ရင် ပွဲအတွင်း ပြန်လာနိုင်ရေး တိုက်ပွဲဝင်နိုင်မယ့် အခွင့်အရေးတွေရှိဖို လိုပါတယ်။ ဒါပေမဲ့ ပထမဆုံး ၁၅ မိနစ်ကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး''လို့ မက်ဖာလိန်းက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ၁၉၉၃ ခုနှစ်ကတည်းက ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် ခြောက်ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်တယ်။
လက်ရှိ အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာ ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

image