တောင်ကိုရီးယားကို မြောက်ကိုရီးယားကလပ်အသင်းတစ်သင်း လာရောက်ကစားမယ်
မြောက်ကိုရီးယားကလပ်အသင်းတစ်သင်းဟာ အခုလနှောင်းပိုင်းမှာ တောင်ကိုရီးယားကို ကြုံတောင့်ကြုံခဲ လာရောက်ကစားမယ်လို သိရ
ပါတယ်။
မြောက်ကိုရီးယားအမျိုးသမီးကလပ် နာဂိုယန်းအသင်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် တောင်ကိုရီးယားကလပ်
ဆူဝမ်အသင်းနဲ့ မေလ ၂၀ ရက်မှာ ကစားရမှာဖြစ်ပါတယ်။
မြောက်ကိုရီးယားကလပ်မှာ ကစားသမား ၂၇ ဦးနဲ့ ဝန်ထမ်း ၁၂ ဦး ပါဝင်လာမယ်လို သိရပါတယ်။
ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကလပ်ရဲ့ခရီးစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။
ဒါဟာ ၂၀၁၈ ခုနှစ်ကတည်းက မြောက်ပိုင်းက ကစားသမားများ နယ်စပ်မျဉ်းကို ဖြတ်ပြီး ပထမဆုံးအကြိမ် လာရောက်ကစားမှာဖြစ်တယ်။
မြောက်ကိုရီးယားဟာ ၂၀၁၈ ခုနှစ် ဖယွန်ချန်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယားကို အားကစားသမားများ နောက်ဆုံးစေလွှတ်
ခဲ့ပြီး တောင်ကိုရီးယားနဲ့ပူးပေါင်းကာ ရေခဲပြင်ဟော်ကီပြိုင်ပွဲလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။