အာဆင်နယ်ဂန္ထဝင်များဖြစ်ကြတဲ့ သီယာရီဟင်နရီ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ရဲ့ စံချိန်ကို လိုက်မီလာတဲ့ ဗစ်တာဂျိုကီရက်စ်
===================

ဗစ်တာဂျိုကီရက်စ်ဟာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်သမားများဖြစ်ကြတဲ့ သီယာရီဟင်နရီ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ရဲ့ ရှားပါး စံချိန်တစ်ခုအား လိုက်မီလာပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ဖူလ်ဟမ်အား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်တွင် ကစားတဲ့ ပထမဆုံးရာသီတွင် ဂိုး ၂၀ အထက် သွင်းယူနိုင်ပြီလည်း ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးဟောင်းဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အာဆင်နယ်အတွက် ပထမဆုံးကစားတဲ့ရာသီတွင် ဂိုး ၂၀ အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
ဂျိုကီရက်စ်ဟာ ဖူလ်ဟမ်နှင့်ပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ယခုရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာပါတယ်။
သူဟာ အာဆင်နယ်အတွက် ကစားတဲ့ ပထမဆုံးရာသီတွင် ဂိုး ၂၀ အထက် သွင်းယူလာနိုင်မှုနှင့်အတူ ကလပ်သမိုင်း ၁၃၉ ခုနှစ်အတွင်းတွင် ယင်းသို့ စွမ်းဆောင်နိုင်တဲ့ ၁၂ ဦးမြောက်ကစားသမား ဖြစ်လာပါတယ်။
ဂျိုကီရက်စ်မတိုင်မီ အာဆင်နယ်အတွက် ပထမဆုံးကစားတဲ့ ရာသီတွင် ဂိုး ၂၀ အထက် သွင်းနိုင်တဲ့ နောက်ဆုံးကစားသမားအဖြစ် အလက်ဆစ်ဆန်းချက်ဇ်က ၂၀၁၄-၁၅ ရာသီတွင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်မတိုင်မီ သီယာရီဟင်နရီက ၁၉၉၉-၂၀၀၀ ရာသီတုန်းက အာဆင်နယ်ပထမဆုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၂၆ ဂိုးဖြင့် မှတ်တမ်းရေးထိုးထားနိုင်ပါတယ်။
တဖက်တွင် ဂျိုကီရက်စ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် ၁၅ ဂိုးသွင်းထားနိုင်ကာ သီယာရီဟင်နရီ (၁၇ဂိုး)နှင့် အလက်ဆစ်ဆန်းချက်ဇ်(၁၆ဂိုး)တို့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီတွင် ဂိုးအများဆုံးသွင်းယူထားကြတဲ့ စံချိန်ကိုလည်း လိုက်မီရန်လည်း လက်တစ်ကမ်းအလိုသို့ ရောက်နေပါသေးတယ်။

image