အာဆင်နယ်နှင့်ပွဲအတွက် ပွဲထွက်ကစားသမား ၁၁ ဦးလုံးကို အနားပေးလာတဲ့ ဒီယေဂိုဆီမြွန်နီ
======================

ဒီယေဂိုဆီမြွန်နီဟာ အာဆင်နယ်နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက် ပွဲထွက်ကစားသမား ၁၁ ဦးလုံးကို အနားပေးကာ မက်စီတဲလ်လားတွင် ဗလင်စီယာအား ရင်ဆိုင်ကစားလာပါတယ်။
ဆီမြွန်နီရဲ့ အက်သလက်တီကိုဟာ ပွဲထွက်ကစားသမား ၁၁ ဦး မပါဝင်ဘဲ ရင်ဆိုင်ခဲ့ပေမယ့်လည်း ဗလင်စီယာကို ၂-၀ ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အာဆင်နယ်နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက် ပွဲပန်းမှု မရှိစေရေးအတွက် ပွဲထွက် ကစားသမား ၁၁ ဦးလုံးကို အနားပေးကာ တစ်သင်းလုံး အပြောင်းအလဲ လုပ်ပြီး ဗလင်စီယာကို ရင်ဆိုင်ခဲ့တာပါ။
ပွဲထွက်ကစားသမားများ မပါဝင်ပေမယ့်လည်း အက်သလက်တီကိုဟာ ဗလင်စီယာကို အဝေးကွင်းမှာ ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး အိုင်ကာလူကေးဆီရီယာနှင့် မီဂွယ်လိုရန်တီတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

image