4 ပတ် - ဘာသာပြန်ပါ။

စူပါကားအတွက် အခွန်ဆောင်ရန် ပျက်ကွက်မှုကြောင့် ဖောရက်စ်တောင်ပံကစားသမား ဒဏ်ရိုက်ခံရ
=====================

နော်တင်ဟမ်ဖောရက်စ်တောင်ပံကစားသမားကယ်လမ်ဟတ်ဆင်အိုဒွိုင်းဟာ McLaren စူပါကားအတွက် အခွန်ဆောင်ရန် ပျက်ကွက်ကြောင်း တွေ့ရှိရပြီးနောက် တရားရုံးတစ်ခုရဲ့ ပေါင် ၁၁၀၀ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
အသက် ၂၅ နှစ်ရှိ ပရီးမီးယားလိဂ်စတားဟာ McLaren 765LT အတွက် အခွန်ဆောင်ထားခြင်း မရှိမှုအတွက် DVLA ရဲ့ စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပါတယ်။
တရားရုံးစာရွက်စာတမ်းများအရ အိုဒွိုင်းဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းက တန်ဖိုးကြီးအား ပိုင်ဆိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် နှစ်စဉ်အခွန်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် သက်တမ်းကုန်ဆုံးသွားခဲ့ပါတယ်။
ဟတ်ဆန်အိုဒွိုင်းဟာ ယင်း McLaren 765LT ကို အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက အခွန်မဆောင်ဘဲ ၉ လအကြာအထိ မန်ချက်စတာရှိ ဆောက်မေးလ်လမ်းတွင် အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဟတ်ဆန်အိုဒွိုင်းကို DVLA က တရားရုံးပြင်ပတွင် အမှုကို ဖြေရှင်းရန် အခွင့်အရေးပေးခြင်းခံခဲ့ရပေမယ့်လည်း တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။
ယင်းနောက်မှာတော့ ချဲလ်ဆီးတောင်ပံကစားသမားဟောင်းဟာ မော်တော်ယာဉ်လိုင်စင်မရှိတဲ့ ယာဉ်အား ထိန်းသိမ်းထားမှုအတွက် အမှုရင်ဆိုင်လာရပါတော့တယ်။
ဟတ်ဆန်အိုဒွိုင်းဟာ ယင်းအမှုနှင့်ပတ်သက်ပြီး သနားခံလာခြင်း မရှိမှုနှင့်အတူ ဧပြီလ ၂၀ ရက်နေ့မှာတော့ York Magistrates' Court က ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်လာပါတယ်။
တရားသူကြီးကာရင်ရှက်ကလီတန်က ဒဏ်ငွေ ပေါင် ၆၆၀ ၊ နောက်ကြောင်းပြန်အခွန် ပေါင် ၄၁၀ ၊ ကုန်ကျစရိတ် ၈၅ ပေါင် ပေးဆောင်ရန် ဆုံးဖြတ်လာပါတယ်။

image