1 ပတ် - ဘာသာပြန်ပါ။

အစ္စဝှစ်ချ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရပြီးနောက် ကစားသမားများနှင့်အတူ အောင်ပွဲခံလာတဲ့ အက်ဒ်ရှီးရန်
===================

အက်ဒ်ရှီးရန်ဟာ အစ္စဝှစ်ချ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိလာပြီးနောက် အဝတ်အစားလဲခန်းအတွင်းတွင် ကစားသမားများနှင့်အတူ အောင်ပွဲခံလာပါတယ်။
အစ္စဝှစ်ချ်ဟာ ချန်ပီယံရှစ်ရာသီသိမ်းပွဲတွင် ကျူပီအာအား အိမ်ကွင်းတွင် ၃-၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံရှစ်တွင် ဒုတိယ ရရှိပြီး ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ ပေါ့ပ်စတားဟာ Guinness ခွက်ကိုင်ပြီး နည်းပြကီရန်မက်ကန်နာအား ဖက်ထားကာ သူ့ရဲ့ နာမည်ကျော် The A Team သီချင်းအား ဖွင့်ကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။
အက်ဒ်ရှီးရန်ဟာ အစ္စဝှစ်ချ်အမာခံပရိသတ်တစ်ဦးဖြစ်သလို အသင်းတွင် ရှယ်ယာအချို့ဝယ်ယူ ရင်းနှီးမြှပ်နှံထားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အစ္စဝှစ်ချ်ရဲ့ Portman Road ကွင်းတွင် ရှိုးပွဲများလည်း ကျင်းပလာသူ ဖြစ်ပါတယ်။
အက်ဒ်ရှီးရန်ဟာ တစ်ကမ္ဘာ့လုံးတွင် အခွေ သန်း ၂၀၀ ကျော် ရောင်းချထားရကာ အရောင်းရဆုံးအဆိုတော်များစာရင်းတွင် ပါဝင်သူလည်း ဖြစ်ပါတယ်။
အက်ဒ်ရှီးရန်က "ဒီကို တွေ့ကြုံ ခံစားရတာ တကယ့်ကို အံ့ဩသင့်စရာကောင်းလှတယ်။ ဘောလုံးက ဘောလုံးပဲ။ ပျော်စရာကောင်းတယ်။ ကျွန်တော့်မှာ ပရီးမီးယားလိဂ်ပရိသတ်တွေဖြစ်ကြတဲ့ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ ဒီတော့ ပိုပြီးတော့ ပျော်စရာ ဖြစ်လာမှာပါ။ ဒီကနေ့ ပရိသတ်တစ်ဦးအဖြစ် ဒီမှာ ရှိနေရတာ ဒီပတ်ဝန်းကျင် ဒီအားပေးမှု တကယ့်ကို ကြီးကျယ်လှတယ်။ ကျွန်တော်က ဒီကလပ်ရဲ့ စူပါပရိသတ်ပါ။ ဒါပေမယ့် ဒီနိုင်ငံအတွက်လည်း ဖြစ်တယ်။ ဒီမှာ ရှိနေတဲ့သူတွေကို စိတ်ဓာတ်မြှင့်တင်ပေးတယ်"လို့ ပြောကြားသွားပါတယ်။

image