2 ပတ် - ဘာသာပြန်ပါ။

" စိတ်သုံးမျိုး "
မိမိတို့မှာစိတ်ဖြစ်နေတာက သုံးမျိုးပဲရှိတယ်နော်။
ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ဝိပါက်ကိရိယာဆို
တဲ့ အဗျာကတစိတ်၊ အချိန်ရှိသမျှ အဲဒီသုံးမျိုးပဲရှိ
တယ်။
ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ်
ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်
သို့မဟုတ် ဝိပါက် ကိရိယာဖြစ်မယ်။ ဘယ်လောက်
သေးသိမ်တဲ့ ကလေးလေးဖြစ်ဖြစ်၊ တိရစ္ဆာန်သတ္တဝါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ်ဖြစ်မယ်၊
၀ိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျာကတဖြစ်မယ်။အင်မတန်သေချာတယ်။ အင်မတန်သေချာတယ်။
အကုသိုလ်စိတ် ။ ဖြစ်တိုင်းဖြစ်တိုင်းအာရုံပါရ
မယ်။ အဲဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ဆိုရင်ဖြစ်သော်ညစ်ထေး၊
အပြစ်ဘေးနှင့်၊ ကျိုးပေးဒုက္ခ၊
ဆယ့်နှစ်၀ မုချ အကုသိုလ်ခေါ် တဲ့..။
အပြစ်တွေဖြစ်တုန်းက ဒေါသရင်လဲပါနေပြီ။ ဣဿမစ္ဆရိယရင်လဲပါနေပြီ။ မာနရင်လဲ ပါနေပြီ။ ဖြစ်တုန်းကအဲဒီအညစ်အကြေးတွေပါနေတယ်။ အကုသိုလ်ဖြစ်တုန်းက အညစ်အကြေးတွေပါနေမှတော့ အပြစ်မကင်းဘူး။ နောက်အကျိူးပေးရင် မကောင်းကျိုးကိုပေးမယ်။ ကောင်းကျိုးကိုမပေးဘူး။ ဒီအကုသိုလ်ကခုဘ၀ ဖြစ်ဖြစ် နောင်ဘ၀ ဖြစ်ဖြစ် မကောင်းကျိုးကိုပေးမယ်။ ဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လိုဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုယ် စဉ်းစားကြည့်ဖြစ်သော်ညစ်ထေး အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခဆယ့်နှစ်၀ မုချအကုသိုလ်ခေါ်၊ ဖြစ်တယ်နော်။
လောဘရင်လဲပါမယ်။ ဒေါသရင်လဲပါမယ်။ ဒါအပြစ်ပဲ။ မာနရင်လဲပါမယ်။ ဒါအပြစ်ပဲ။ တစ်ယောက်နဲ့တစ်ယောက် မနာလိုတဲ့ ဣဿာရင်လဲပါမယ်။ ဒါအပြစ်ပဲ။ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်။ ဒါအပြစ်ပဲ။ အိပ်ချင်မူးတူး ငိုက်မျည်းနေတဲ့ထိနမိဒ္ဓရင်လဲပါမယ်။ ဒါအပြစ်ပဲ။ ဘုရားကိုဟုတ်မှဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ဝိစိကိစ္ဆာရင်လဲပါမယ်။ ဒါအပြစ်ပဲ။ ဖြစ်တုန်းကအပြစ်တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားတစ်မျိုး ဒါအကုသိုလ်ခေါ်တယ်။ နောင်အကျိုးပေးရင်လဲ မကောင်းကျိုးကိုပေးမှာပဲ။
ကုသိုလ်စိတ် ။ ။ ကိုယ့်စိတ်ဟာ ဘာဖြစ်တယ်
ဆိုတာ သိပ်ပြီးတော့လေ့လာဖို့ကောင်းတယ်။ အဲ
တစ်ခါ ကုသိုလ်က ဘယ်လိုပါလိမ့်မတုန်းဆိုတော့
ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊
ကျိုးပေးက၊ ကုသလလို့ခေါ်တဲ့။
ဖြစ်တုန်းက သန့်ရှင်းလိုက်တာ။ မေတ္တာစိတ်နဲ့နော်။
မေတ္တာစစ်စစ်နဲ့ ချမ်းသာပါစေ ချမ်းသာပါစေ၊ ဖြစ်တုန်းကတယ်သန့်ရှင်းတယ်။ သိပ်သန့်ရှင်းတယ်။ တစ်ခါအလှူဒါနပေးနေရင် အင်း ငါ့အလှူအကြောင်းပြုပြီးတော့ စားကြပါစေ။ စွန့်ကြဲပေးကမ်းရင်ပဲ မေတ္တာကပါနေတယ်။ သန့်ရှင်းတယ်။ သိပ်သန့်ရှင်းတယ်။
သြော် မိမိတို့ အလှူဒါနအကြောင်းပြုပြီးတော့သာသ
နာတော်ကြီး တိုးတက်ပါစေ၊ တည်တံ့ပါစေ၊ ခိုင်မြဲပါစေ။ အဲဒီလိုဖြစ်တုန်းကလဲ ကုသိုလ်စိတ်တွေထပ်ဖြစ်တယ်။ နောက်ဆုံးကိုယ့်သားကလေး သမီးကလေးကို မိခင်အဖြစ်နဲ့ တကတဲ ကျမ်းမာစေချင်လွန်းလို့၀စေချင်လွန်းလို့ နို့တိုက်ပြီးတော့နေတယ်။ ချစ်နေတဲ့လောဘက ကုသိုလ်ကလေး၊ ကလေးကျန်းမာစေချင်တာ၊ ဝြဖိုးစေချင်တာက ကုသိုလ်၊ စေတနာမေတ္တာက ကုသိုလ်၊ ကုသိုလ်နဲ့ အကုသိုလ်က ကပ်နေတာပဲ ကပ်နေတာပဲ။ သားကလေးချစ်လွန်းလို့ဒါက အကုသိုလ်။ ကျန်းမာစေချင်လွန်းလို့ ဖွံ့ဖြိုး စေချင်လွန်းလို့ နို့တိုက်ပြီးနေတာက ဒါကကုသိုလ်။
ဖြစ်နေတုန်းမှာလေ အညစ်အကြေးလုံးလုံးမပါတဲ့
အပိုင်းက ကုသိုလ်ပဲ။ အကျိုးပေးမှာ ဖြစ်သော်သန့်ရှင်းအပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊ ကျိုးပေးက ကုသလဟုခေါ်။
အဗျာကတစိတ် ။ ။ အဗျာကတဆိုတာက ဘယ်လို
စိတ်တုန်းဆိုတော့ ဝိပါက်၊ ဘုန်းကြီးတို့ ရုပ်တရားတွေလဲ အဗျာကတ ခေါ်တယ်။ သူဖြစ်တော့လဲ ညစ်ထေးတာလဲ မဟုတ်ဘူး။ သန့်ရှင်းတာလဲ မဟုတ်ဘူး။ သူတို့ကို ကုသိုလ်လို့လဲ မဆိုရဘူး။ အကုသိုလ်လို့လဲ မဆိုရဘူး။ ရုပ်တရားတွေဟာ အဗျာကတ၊ ခုနကစိတ်တွေ
စေတသိက်တွေထဲမှာလဲပဲ ဝိပါက်စိတ်တွေ ဘုရား
ရဟန္တာမှာဖြစ်တဲ့ ကိရိယာစိတ်တွေ၊ အဲဒါတွေက အဗျာကတ၊ ဘုရားရဟန္တာမှာ မေတ္တာမပွားဘူးလား။ မေတ္တာပွားလို့ရှိရင်လဲ ကုသိုလ်မခေါ်ဘူး။ ကိရိယာအဗျာကတခေါ်တယ်။ ဘုရားရဟန္တာတွေက သတ္တဝါတွေချမ်းသာအောင်လို့ တရားဟောတယ်။ ဗုဒ္ဓမြတ်စွာတရားဟောတော်မူတယ်။ ကုသိုလ်မဟုတ်ဘူး။ ဒါက ကိရိယာ
အဗျာကတလို့ ခေါ်တယ်။ ဘာဖြစ်လို့တုန်းနောက်
အကျိုးမပေးဘူးလေ။ ကုသိုလ်ဆိုရင် ပဋိသန္ဓေအကျိုးကိုပေးမယ်။ ဗုဒ္ဓမြတ်စွာမှာ နောက်ဘ၀သံသရာအကျိုး
မရှိတော့ဘူး။ ဘ၀သံသရာအကျိုးမရှိလို့ အကျိုးမပေးလို့ ကောင်းတာလုပ်လဲပဲ ကိရိယာအဗျာကတ၊ မကောင်းတာကျတော့ လုပ်ကိုမလုပ်ဘူး။ တစ်ခါ ဝိပါက်စိတ်တွေဘုန်းကြီးတို့မှာ ဖြစ်နေတယ်။ အိပ်ပျော်နေတယ်။
၀ိပါက်စိတ်ဖြစ်နေတယ်။ ဝိပါက်စိတ်ဖြစ်နေတော့ခုနကဟိတ်တွေမပါဘူးလား။ ပါတယ်။ ဒါဖြင့်အိပ်ပျော်နေတဲ့အခါဖြစ်တဲ့စ်ိတ်ဟာ ဘာခေါ်တုန်း ဝိပါက်အဗျာကတခေါ်တယ်။ ခုလိုရှင်းလွန်းလို့ ဘုန်းကြီးတို့တရားတော်က
ရှင်းလွန်းလို့ ကဲ ဒါ နားလည်ပြီနော်။
အရှင်ဇနကာဘိဝံသ
အခြေပြုပဋ္ဌာန်းတရားတော်မှ🙏🙏🙏
ပတ္တိဒါနပြန်လည်မျှဝေပါသည်။

crd .မေတ္တာ အေးရိပ် 🙏🙏🙏

image