မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် "မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီ"ဖွဲ့စည်း

မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် "မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီ"ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၉ ရက်က ညွှန်ကြားချက်အမှတ် ၂ /၂၀၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတရုံးက မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက် ၄/၂ဝ၂၅ ၏ အပိုဒ် ၁၁ အားအစားထိုးရာ၌ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အ ထည်ဖော်နိုင်ရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြု ချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်၊ မြို့နယ်ရဲတပ် ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ် သည်။
ထို့ပြင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ မြို့နယ်ဦးစီးမှူး ၊ မြို့နယ်ဥပဒေရုံး၏ မြို့နယ်ဥပဒေအရာရှိ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့ နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကတာဝန်ပေးအပ်သူတစ်ဦးတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်မည်ဖြစ်သည်။

image