ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း ‌ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး၏ ဇနီးအပေါ် လိုအပ်သည်များ သံရုံး ကူညီ

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ‌ေ-သဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် ‌ေ-သဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာသံရုံးဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော E9 Friends Law Firm ကုမ္ပဏီတို့နှင့်အတူ လုပ်ဆောင်ပေးခဲ့​ပြီး ဈာပနအခမ်းအနားကိုလည်း မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများက လိုက်ပါပို့ဆောင်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရသင့်ရထိုက်သည်များရရှိရန် ညှိနှိုင်းခြင်းတို့ကို မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက လိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ကွယ်လွန်သူမောင်စန်းယု၏ဇနီးမှာ လုပ်သက်ဆုကြေးများ၊ လုပ်ခလစာကျန်ငွေများ၊ အချိန်ပိုကြေးနှင့် ခွင့်ဆုကြေးများ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံငွေများ၊ အသုဘစရိတ် ထောက်ပံ့ငွေများ၊ အလုပ်ရှင်မှပေးအပ်သည့် နစ်နာကြေးများစသည့် ခံစားပိုင်ခွင့်ရှိသည်တို့ကို ပြည့်ပြည့်ဝဝတိုက်ရိုက်ရရှိခဲ့သည့်အပြင် ရှေ့နေခကိုလည်း အနည်းဆုံးနှုန်းထားဖြင့်ရရှိအောင် ညှိနှိုင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

image