5 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်မတိုင်မှီ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများ၏ ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံသို့လျော့ချပေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်မတိုင်မှီ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများ၏ ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံသို့လျော့ချပေးခဲ့သည်။
၎င်းတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကိုလွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့သို့ ပြစ်ဒဏ်များမှလျော့ပေါ့ပေးခြင်းသည် ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်၊ ပြည်သူလူထုနှလုံးစိတ် ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက် ထားမှုကိုအလေးထားသောအားဖြင့် နိုင်ငံတော်၏ မေ တ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုကာ လျော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

image