ရာသီသိမ်း ပရီးမီးယားလိဂ်ဖလားတိုက်ပွဲများတွင် ကိုင်ဟာဗတ်ဇ် ပါဝင်နိုင်ဖို့ အာဆင်နယ် မျှော်လင့်နေ
=====================

အာဆင်နယ်ဟာ နယူးကာဆယ်နှင့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်သမားကိုင်ဟာဗတ်ဇ်မှာ အသင်းရဲ့ ရာသီသိမ်းပရီးမီးယားလိဂ်ဖလားတိုက်ပွဲဝင် ပါဝင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၂၆ နှစ်ရှိ ဂျာမန်စတားဟာ စနေနေ့တုန်းက အက်ဒီဟောင်းရဲ့ နယူးကာဆယ်အား အနိုင်ရတဲ့ပွဲရဲ့ ပထမပိုင်းမှာ ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ကိုင်ဟာဗတ်ဇ် ပြန်လည် ကစားနိုင်မယ့်ကာလကို မသတ်မှတ်နိုင်သေးပေမယ့်လည်း လက်ကျန် ရာသီသိမ်းပွဲ ၄ ပွဲတွင် ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားကာ ဗုဒ္ဓဟူးနေ့တွင် အက်သလက်တီကိုနှင့် ရင်ဆိုင်ရပါမယ်။
ဟာဗတ်ဇ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဒူးဒဏ်ရာရရှိကာ ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် ဇန်နဝါရီလတွင် ပြန်ကစားလာနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယခုရာသီတွင် အာဆင်နယ်အတွက် ၁၉ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းထားနိုင်ပါတယ်။

image