1 ပတ် - ဘာသာပြန်ပါ။

လိဂ် ၂ ပွဲစဉ်တွင် ရော့ဒေးလ်ပရိသတ်အား ယော့ခ်စီးတီးကစားသမားက လက်သီးဖြင့် ထိုးကြိတ်မှုအပေါ် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
===================

ရဲတပ်ဖွဲ့က အွန်လိုင်းတွင် ထွက်ပေါ်နေတဲ့ ယော့ခ်စီးတီးကစားသမားတစ်ဦးက ရော့ဒေးလ်ပရိသတ်တစ်ဦးအား ကွင်းအတွင်း လက်သီးဖြင့် ထိုးကြိတ်မှုအပေါ် စုံစမ်းစစ်ဆေးနနေကြောင်း အတည်ပြုလာပါတယ်။
ယော့ခ်စီးတီးဟာ စနေနေ့တုန်းက ရော့ဒေးလ်နှင့် တစ်ဂိုးစီသရေကျကာ ၁၀ နှစ် အကြာတွင် ဘောလုံးလိဂ်သို့ တန်းတက်နိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်မှု ၂ ကြိမ် ဖြစ်ပျက်ခဲ့ပြီး အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ပရိသတ်တစ်ဦးဟာ ကွင်းအတွင်း ဒူးထောက်နေတဲ့ ကစားသမားတစ်ဦးကို ဖိအားတွန်းထားတာ တွေ့ရပါတယ်။
ယင်းနောက် ကွင်းလုံခြုံရေးနှစ်ဦး ကြားဝင်လာချိန်မှာတော့ ယင်းကစားသမားဟာ မတ်တပ်ရပ်လာပြီးနောက် ယင်းပရိသတ်ရဲ့မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ပါတယ်။
ယခုအခါ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က နေးရှင်းလိဂ်ပွဲစဉ်ဖြစ်ရပ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကလပ်နှစ်ခုအား ဆက်သွယ်ထားပြီး ဗီဒီယိုဖိင်များ၊ စီစီတီဗွီမှတ်တမ်းများကို စစ်ဆေးသွားဦးမည်ဖြစ်ကြောင်း ကြေညာသွားပါတယ်။
အဆိုပါပွဲစဉ်တွင် ပထမအကြိမ် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်မှုမှာ ၉၆ မိနစ်တွင် ရော့ဒေးလ်က အဖွင့်ဂိုးသွင်းပြီးနောက် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ကွင်းအတွင်း ပရိသတ် ဝင်ရောက်မှုက ယော့ခ်က ၁၁၃ မိနစ်တွင် ချေပဂိုးသွင်းပြီးချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့အဆိုအရ ယင်းမတော်တဆမှုအတွက် ရော့ဒေးလ်ပရိသတ် ၄ ဦးကို ဖမ်းဆီးထားပြီး ယင်းမှ တစ်ဦးမှာ ကွင်းအတွင်း ကစားသမားရဲ့ ထိုးကြိတ်ခံရသူလို့ ယုံကြည်ရပါတယ်။
ဒါ့အပြင် ယော့ခ်စီးတီးပရိသတ်တစ်ဦးလည်း ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုအတွက် ဖမ်းဆီးခြင်းခံထားရပြီး မကြာခင် စစ်ဆေးမေးမြန်းခြင်းခံရပါမယ်။
အထက်ပါအဖြစ်အပျက်များကို အက်ဖ်အေကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

image