2 ပတ် - ဘာသာပြန်ပါ။

ကွင်းရဲ့ အိမ်သာခန်းထဲတွင် လူသေတစ်ဦးအား သန့်ရှင်းရေး ဝန်ထမ်းတွေ့ရှိပြီးနောက် ဂျာမန်ကလပ် ပြဿနာတက်နေ
=====================

အသက် ၆၅ နှစ်အရွယ်ရှိ လူတစ်ဦးကို ရှော်လ်ကေးအသင်းရဲ့ Veltins Arena အိမ်သာခန်းထဲတွင် တွေ့ရှိခဲ့ရပါတယ်။
ကြာသပတေးနေ့တုန်းက သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ယင်းလူသေလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပြီး ချက်ချင်းပင် ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တို့ဟာ ချက်ချင်းပင် Veltins Arena သို့ ရောက်လာပြီး လူသေအလောင်းအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။
ယင်းလူဟာ ဗုဒ္ဓဟူးနေ့တုန်းက ဘွန်ဒက်စ်လီဂါ ၂ ကို ဦးဆောင်နေတဲ့ ရှော်လ်ကေးရဲ့ ပွဲကို လာရောက်ကြည့်ရှုခဲ့တာပါ။
Bild ရဲ့ ဖော်ပြလာမှုအရ ယင်းလူဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခု ကြုံပြီးနောက် လဲကျသေဆုံးသွားတာလို့ ယူဆရကြောင်း သိရပါတယ်။
ယင်းလူသေတွင် ရာဇဝတ်မှုကျူးလွန်ခံရတဲ့ လက္ခဏာလည်း တွေ့ရှိရခြင်း မရှိပါဘူး။ ဒါ့အပြင် ယင်းလူအား သေဆုံးလျက်တွေ့ရှိတဲ့အထိ မည်သူကမျှ ယင်းသေဆုံးမှုအား သိရှိခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။
ယင်းလူဟာ ဂယ်ဆင်ကာချန်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
ရှော်လ်ကေးဟာ နောက်ဆုံးအိမ်ကွင်းအဖြစ် ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့တုန်းက ပရူဆင်မန်စတာကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲအား ကစားခဲ့တာ ဖြစ်ပြီး ယနေ့တွင် အမှတ်ပေးဖလားအဆုံးအဖြတ်ပွဲအဖြစ် ပါဒါဘွန်းအား အဝေးကွင်းတွင် ရင်ဆိုင်ကစားရပါမယ်။

image