ဘာစီလိုနာတွင် အိမ်ရှာနေတယ်ဆိုတဲ့ သတင်းကို အယ်ဗာရက်ဇ်ရဲ့ အေးဂျင့် တုံ့ပြန်လာ
====================

ဂျူလီယန်အယ်ဗာရက်ဇ်ရဲ့ အေးဂျင့်ဖာနန်ဒိုဟီဒယ်ဂိုဟာ အက်သလက်တီကိုစတားမှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန်အတွက် ဘာစီလိုနာမြို့တွင် နေအိမ်ရှာဖွေနေတယ်ဆိုတဲ့ သတင်းအား တုံ့ပြန်လာပြီ ဖြစ်ပါတယ်။
မန်စီးတီးစတားဟောင်းဟာ ဘာစီလိုနာရဲ့ ပစ်မှတ်ထားခြင်းခံနေရသူ ဖြစ်ပြီး အက်သလက်တီကိုအနာဂတ်မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အယ်ဗာရက်ဇ်ရဲ့ အေးဂျင့်ဟီဒယ်ဂိုက ဘာစီလိုနာတွင် အိမ်ရှာနေတယ်ဆိုတဲ့သတင်းမှာ သတင်းအမှားသာ ဖြစ်ပြီး ၁၀၀၀% သတင်းအမှားလို့ ဆိုသွားပါတယ်။
အသက် ၂၆ နှစ်ရှိ အယ်ဗာရက်ဇ်ရဲ့ အစ်ကိုများကို ဘာစီလိုနာတွင် တွေ့ရပြီးနောက် ဘာစီလိုနာသို့ ပြောင်းရန်အတွက် အိမ်ရှာဖွေနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အေးဂျင့်က ယင်းသတင်းကို ငြင်းဆိုသွားတဲ့အပြင် အယ်ဗာရက်ဇ်ရဲ့ မည်သည့်မိသားစုဝင်မျှ ဘာစီလိုနာသို့ သွားရောက်လည်ပတ်ခြင်း မရှိကြောင်းလည်း ငြင်းဆိုသွားပါတယ်။
ဟီဒယ်ဂိုက "၁၀၀၀ ရာခိုင်နှုန်းသတင်းအမှားပါ။ ဘယ်မိသားစုဝင်မှလည်း ဘာစီလိုနာမှာ ရှိမနေပါဘူး။ နောက်ဆုံးအကြိမ် ရှိနေတာ ဘီလ်ဘာအိုနဲ့ပွဲမှာပါ။ နောက်တစ်နေ့ကျ မက်ဒရစ်သို့ပြန်ခဲ့ကြတယ်"လို့ ပြောကြားသွားပါတယ်။

image