ဒူးဒဏ်ရာကြောင့် ကွင်းမှ ထွက်ခွာလာစဉ် ဆဲဆိုခဲ့တဲ့ ဝုဗ်ပရိသတ်များကို ပြန်ဆဲခဲ့တဲ့ ဇာဗီးဆိုင်မွန်
===================

ဇာဗီးဆိုင်မွန်ဟာ ဝုဗ်ကို အနိုင်ရတဲ့ စပါးစ်ရဲ့ ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိကာ ထမ်းစင်ဖြင့် ထွက်ခွာလာစဉ် ဆဲဆိုမှု ပြုလုပ်ခဲ့ကြတဲ့ အိမ်ရှင်ပရိသတ်များကို ပြန်ဆဲခဲ့ကြပါတယ်။
ဆိုင်မွန်ဟာ Molineux တွင် ကစားတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ စိုးရိမ်စရာ ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ ကစားသမားဟာ ဒဏ်ရာရရှိသွားပြီးနောက် ဆက်ကစားရန် ကြိုးပမ်းပေမယ့်လည်း မဖြစ်နိုင်တော့မှုနှင့်အတူ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။
သူဟာ ဝှီးရှဲလ်ဖြင့် ကွင်းဘေးနားတွင် သွားနေချိန်မှာ ဝုဗ်ပရိသတ်များရဲ့ ဆဲဆိုခြင်းခံခဲ့ရပါတယ်။
ယင်းကို ဆိုင်မွန်ကလည်း 'f*** you' လို့ အကြိမ်ကြိမ် ပြန်အော်ဆဲခဲ့တာ တွေ့ရပါတယ်။
စပါးစ်ဟာ ဝုဗ်ကို အနိုင်ရခဲ့ပေမယ့်လည်း ယင်းပွဲတွင် တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီလည်း ဒဏ်ရာရရှိသွားမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံခဲ့ရပါတယ်။
စပါးစ်ဟာ စနေနေ့ညတုန်းက ဝုဗ်ကို အနိုင်ရရှိကာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပါတယ်။
ဒါပေမယ့် စပါးစ်ဟာ ဝက်စ်ဟမ်းတို့ အဲဗာတန်ကို ၂-၁ ဖြင့် အနိုင်ရရှိသွားမှုနှင့်အတူ တန်းဆင်းဇုန်အတွင်းမှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။

image