ဆာလက်ရဲ့ လီဗာပူးကစားသမားဘဝ စောစောစီးစီး အဆုံးသတ်လာမည်ကို အန်းဆလော့ စိုးရိမ်နေ
===================

အန်းဆလော့က စနေနေ့တုန်းက ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တဲ့ မိုဟာမက်ဆာလက်ရဲ့ လီဗာပူးကစားသမားဘဝ စောစောစီးစီး အဆုံးသတ်လာမည်ကို စိုးရိမ်နေရပြီ ဖြစ်ပါတယ်။
ရာသီအကုန်တွင် လီဗာပူးမှ ထွက်ခွာမယ့် အသက် ၃၃ နှစ်ရှိ အီဂျစ်စူပါစတားဟာ ပဲလေ့စ်အား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
မိုဟာမက်ဆာလက်ဟာ ဘယ်ဖက်တံကောက်ကြောဒဏ်ရာကို စစ်ဆေးမှု ခံယူရတော့မှာ ဖြစ်ပြီး ရာသီလက်ကျန် ၄ ပွဲတွင် ပါဝင်လာနိုင်ဦးမလား ကြည့်ရပါမယ်။
ဒတ်ချ်နည်းပြအန်းဆလော့က "ဒဏ်ရာအခြေအနေ မသိရသေးဘူး။ ဒါက ကျွန်တော် ဖြေနိုင်တဲ့ အကောင်းဆုံးအဖြေပါ။ ကစားနိုင်မယ့် အခွင့်အရေး ရှိလာနိုင်တယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး။ ရာသီက လေးငါးပတ်ဆို ကုန်ပြီ။ ပွဲအများကြီး မကျန်တော့ဘူး။ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမယ်။ ဒါပေမယ့် မိုက နှစ်များစွာ သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်လာသူပါ။ ဒီတော့ ပြန်ကောင်းလာဖို့ နည်းနည်းပဲ လိုတယ်။ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ပဲလေ့စ်အား အနိင်ရရှိလာမှုနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် အခြေအနေ ကောင်းလာပြီ ဖြစ်ပါတယ်။

image