3 ပတ် - ဘာသာပြန်ပါ။

ချဲလ်ဆီးသတင်းပေါက်ကြားမှုများကို အဆုံးသတ်ရမည်ဟု ယာယီနည်းပြမက်ဖာလိန်းပြောကြားလာ
==================

ချဲလ်ဆီးယာယီနည်းပြကာလမ်မက်ဖာလိန်းက အသင်းအတွင်း သတင်းပေါက်ကြားမှုကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဖာလိန်းဟာ ဘရိုက်တန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ လီယမ်ရိုဆင်နီယာနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဘရိုက်တန်နှင့်ပွဲမတိုင်မီ ချဲလ်ဆီးမှ ဂျာအိုပီဒရိုနှင့် ကိုးလ်ပါလ်မာတို့ လွဲချော်မယ်ဆိုတဲ့ သတင်းမှာ နောက်ခံလူမာ့ခ်ကူကူရယ်လာရဲ့ ဆံသဆရာရဲ့ X အကောင့်မှ တဆင့် ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ်။
ယင်းမတိုင်မီ ချဲလ်ဆီးဟာ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဖြင့် ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များတုန်းကလည်း အသင်းသတင်းပေါက်ကြားမှုများ ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။
ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်လာမယ့်မက်ဖာလိန်းဟာ ချဲလ်ဆီးပထမဆုံးပွဲအဖြစ် ယနေ့ည လိဒ်နှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား စတင် ကိုင်တွယ်သွားပါမယ်။
ရိုဆင်နီယာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့တဲ့ မက်ဖာလိန်းက "ဒါက ကျွန်တော်တို့ စောင့်ကြည့်ခဲ့တဲ့ အရာပါ။ ဒါကို ရပ်တန့်ဖို့ လိုတယ်။ ဒါက အရေးပါတယ်ဆိုတဲ့အကြောင်း သူတို့နဲ့ စကားပြောခဲ့တယ်။ နောက်ထပ် မဖြစ်လာအောင်လည်း လုပ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

image