လေယာဉ်များ ဘေးကင်းလုံခြုံစွာပျံသန်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အရေးကြီးကြောင်း ပို့ ဆောင်ရေးဝန်ကြီးပြော

လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများသည် အရေးကြီးကြော င်းနှင့် တာဝန်ယူဆောင်ရွက်သည့် အင်ဂျင်နီယာများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တိတိကျကျ လိုက်နာစစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသား လေကြောင်းပျံသန်းမှုလုပ်ငန်းဌာနသို့ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်အပိုပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဌာနခွဲများအလိုက် အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံခန့်ခွဲမှုပြုလုပ်ပေးရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
နေ့စဉ်ဆင်းသက်လျက်ရှိသော လေယာဉ်များအား မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်ရေး၊ ဌာနရှိယန္တရားများ အစဉ်ကောင်းမွန်အောင် ပြုပြင်ထိ န်းသိမ်းရေးလုပ်ငန်းကို အစီအစဉ်ရေးဆွဲချမှတ်ကာ ဆောင်ရွက်သွားရန်၊ ယန္တရားများ ကိုင်တွယ်မောင်းနှင်သည့် ဝန်ထမ်းများ ကျွမ်းကျင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မွမ်းမံသင်တန်းများကို သတ်မှတ်ကာလအတိုင်း စနစ်တကျ သင်ကြားဖွင့်လှစ်ပို့ချသွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

image