1 ရက် - ဘာသာပြန်ပါ။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ကြသည့် PDF အဖွဲ့ဝင်(၆၁)ဦး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအပါအဝင် PDF အဖွဲ့ဝင်(၆၁)ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသူများအား ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ခန်းမ၌ ကျင်းပရာ တိုင်းမှူးက အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူ၍ ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

image