ဗီနီရှပ်စ်ဂျူနီယာနှင့် အဖြစ်အပျက်တွင် ပရက်စတီယန်နီ ၆ ပွဲပယ်ခံလာရ
==================
ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရီစတီယန်နီဟာ ဖေဖော်ဝါရီလတုန်းက ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်မှ အဖြစ်အပျက်အတွက် ယူအီးအက်ဖ်အေရဲ့ ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
လစ္စဘွန်းရှိ Estadio da Luz တွင် ကစားတဲ့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ရဲ့ ဗီနီရှပ်စ်က ၎င်းကို ပရက်စတီယာနီက လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်လို့ စွပ်စွဲမှု ပြုလုပ်ပြီးနောက် ပွဲကို ၁၀ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပါတယ်။
အသက် ၂၀ နှစ်ရှိ ပရက်စတီယာနီက လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့ပြီး ဗီနီရှပ်စ်က နားကြားလွဲမှားခြင်းသာ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားချူအာမီနီက ပရက်စတီယန်နီက ဗီနီရှပ်စ်ကို လိင်တူချစ်သူများကို မုန်တီးတဲ့ မုတ်ချက်ပြုမှုသာ ပြုလုပ်ခဲ့ကြောင်း ၎င်းကို ဖွင့်ဟခဲ့ကြောင်း ဆိုသွားပါတယ်။
အာဂျင်တီးနားစတားဟာ ၁ ပွဲပြစ်ဒဏ်ကျခံထားပြီးဖြစ်ကာ နောက်ထပ် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံရဦးမှာ ဖြစ်ပြီး ကျန် ၃ ပွဲကို ၂ နှစ်အတွင်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံရပါမယ်။
ယူအီးအက်ဖ်အေဟာ ပရက်စတီယာနီရဲ့ ပွဲပယ်ပြစ်ဒဏ်ကို တစ်ကမ္ဘာလုံးတွင် အကျုံးဝင်အောင် ဖီဖာထံ တောင်းဆိုမှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
ဘင်ဖီကာနှင့်ပွဲစဉ်တွင် ဗီနီရှပ်စ်က ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီးနောက် အကြီးအကျယ်အောင်ပွဲခံခဲ့ရာမှ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းအချိန်တွင် ပရက်စတီယာနီ ကြားဝင်လာပြီးနောက် ဘရာဇီးစူပါစတားဟာ ဒိုင်လူကြီးဖရန်ကို့စ်လီတီဇီယာထံ ပြေးလွှားသွားခဲ့ပြီး လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံခဲ့ရကြောင်း အသိပေးခဲ့ပါတယ်။
ဒိုင်လူကြီးကလည်း ချက်ချင်းပင် လက်နှစ်ဘက်က ကြက်ခြေခတ်ပြုလုပ်ကာ လူမျိုးရေးခွဲခြားမှု ရှိနေကြောင်း အချက်ပြခဲ့ပါတယ်။
ဗီနီရှပ်စ်ဟာ ယင်းအဖြစ်အပျက်ကြောင့် ကွင်းအပြင်သို့ ထွက်ခွာသွားပြီး ရီးရဲလ်မက်ဒရစ်ကစားသမားများကလည်း နောက်က လိုက်သွားပါတယ်။
ပရက်စတီယန်ဟာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိပါက ၁၀ ပွဲအထိ အမြင့်မားဆုံးပြစ်ဒဏ်ကျခံရနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ လိင်တူချစ်သူဆန့်ကျင်ရေးမှတ်ချက်သာ ပြောဆိုကြောင်း စစ်ဆေးတွေရှိပြီးနောက် ၆ ပွဲပယ်ပြစ်ဒဏ်သို့ လျှော့ချချမှတ်ခြင်းခံခဲ့ရပါတယ်။
တဖက်တွင် ယူအီးအက်ဖ်အေဟာ လိင်တူချစ်သူဆန့်ကျင်ရေးမှတ်ချက်ပြု ပြောဆိုမှုအား လူမျိုးရေးခွဲခြားမှုလောက် အလေးထားအရေးယူမှု မပြုလုပ်မှုအတွက် ဝေဖန်ခြင်းခံနေရပါတယ်။
ပရက်စတီယန်ဟာ ဗီနီရှပ်စ်အား စကားပြောစဉ် အင်္ကျီဖြင့် ပါးစပ်ကို ဖုံးလွှမ်းပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အထက်ပါအဖြစ်အပျက်ကြောင့် ဘောလုံးစည်းမျဉ်းရေးဆွဲထားသူများဟာ ပါးစပ်အုပ်ပြီး စကားပြောဆိုတဲ့ ကစားသမားအဖြစ်အပျက်မျိုး ရှိလာပါက ပွဲကို ရပ်ဆိုင်းရန် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။