2 ပတ် - ဘာသာပြန်ပါ။

လိမ်လည်မှုမှ လွတ်မြောက်ပြီး တရားရုံးမှ အထွက်တွင် ချော်လဲကာ လက်ကျိုးသွားခဲ့တဲ့ ဘင်ဖီကာဥက္ကဌဟောင်း
====================

ဘင်ဖီကာဥက္ကဌဟောင်းလူးဝစ်ဖီးလစ်ပီဗီအဲရာဟာ လိမ်လည်မှုမှ လွတ်မြောက်လာပြီး တရားရုံးမှ အထွက်တွင် ချော်လဲကျကာ လက်ကျိုးသွားခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိ ဗီအဲရာဟာ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များအတွက် ကာလရှည်ကြာ စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက် Operation Blue Bag အမှုတွင် ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးစီးပွားရေးလုပ်ငန်းရှင်ဟာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီး မိနစ်အနည်းငယ်အကြာ တရားရုံးအပြင်ဘက်တွင် မီဒီယာများရဲ့ချဉ်းကပ်ခြင်းခံခဲ့ရပါတယ်။
ဘင်ဖီကာဥက္ကဌဟောင်းဟာ လှေကားမှ အဆင်းတွင် ချော်လဲကျပြီးနောက် သတ္တုတိုင်နှင့် ထိမိသွားခဲ့ပါတယ်။
သတင်းထောက်များက သူ့ထံ အမြန်ရောက်သွားကြပြီး ကူညီဖေးမခဲ့ကြပါတယ်။
အစောပိုင်းတုန်းက ဘင်ဖီကာဥက္ကဌရဲ့အခြေအနေက ကောင်းမွန်တယ်လို့ ယူဆခဲ့ရပေမယ့် တဖြည်းဖြည်း နာကျင်လာကာ အသက်ရှူရခက်ခဲလာမှုနှင့်အတူ ဆေးစစ်မှု ခံယူရာမှာတော့ ညာဖက်လက်မောင်းအရိုးအက်သွားကြောင်း သိရပါတယ်။
တဖက်တွင် တရားရုံးသူကြီးဟာ ဘင်ဖီကာဥက္ကဌဟောင်းရဲ့ အမှုမှာ လွန်ခဲ့တဲ့နှစ်အတန်ကြာက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်နေမှုနှင့်အတူ စစ်ဆေးရန် မဖြစ်နိုင်ဟု ဆိုကာ အမှုမှ ကင်းလွတ်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဗီအဲရာဟာ ကလပ်ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အာဏာပိုင်များကို အသိမပေးဘဲ ရောင်းချမှု၊ ကစားသမားများ ရောင်းချမှုမှ ယူရို ၂.၅ သန်းအထိ ကိုယ်ကျိုးအတွက် ရယူခဲ့မှုတို့အတွက် လိမ်လည်မှု၊ အခွန်ရှောင်တိမ်းမှု၊ အတုပြုလုပ်မှု၊ ငွေကြေးခဝါချမှုတို့အတွက် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

image