2 ပတ် - ဘာသာပြန်ပါ။

ဒူဘိုင်းရှိ ပေါင် ၆.၅ သန်းနေအိမ်သို့ မိသားစုလိုက် ပြောင်းရွှေ့ပြီးနောက် ဗြိတိန်ရှိ ပေါင် ၁၀.၅ သန်းတန် နေအိမ်ကို ရောင်းချလာတဲ့ ရီယိုဖာဒီနန်
===================

ရီယိုဖာဒီနန်ဟာ ပေါင် ၁၀.၅ သန်းတန် နေအိမ်ကို အရောင်းစာရင်းတင်လာပြီးနောက် ဗြိတိန်ကို အပြီးတိုင် စွန့်ခွာလာတော့မှာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ အင်္ဂလန်နှင့် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက မိသားစုလိုက် ဒူဘိုင်းသို့ ရွှေ့ပြောင်း နေထိုင်လာခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ ဖာဒီနန်ဟာ အိပ်ခန်း ၇ ခန်းပါဝင်တဲ့ နေအိမ်ကို အရောင်းစာရင်းတင်လာမှုနှင့်အတူ ဗြိတိန်ကို အပြီးတိုင် စွန့်ခွာတော့မယ်လို့ ယုံကြည်လာရပါတယ်။
ယခု အရောင်းစာရင်းတင်လာတဲ့ နေအိမ်က ကန့်ရှိ အော်ပင်တန်တွင် တည်ရှိပြီး ဖန်းဘိုရော့ချ်ပန်းခြံအနီးတွင် တည်ရှိပါတယ်။
အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၅၀၀ ကျယ်ဝန်းပြီး ဧက ၂၀ ရှိ ခြံမြေများ ဝိုင်းရံထားပါတယ်။
နေအိမ်အတွင်းတွင် အားကစားခန်းမ၊ အဝတ်အစားလဲခန်း နှစ်ခန်း၊ ဧည့်ခန်းကျယ်၊ အထူးဧည့်သည် ဧည့်ခံခန်းအပြင် ပျော်ပွဲရွှင်ပွဲကျင်းပရန် နေရာလွတ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဂိုထောင် သုံးလုံးပါဝင်တဲ့အပြင် စတူဒီယို၊ ရုံးခန်းတို့လည်း ပါဝင်ပါသေးတယ်။
ဖာဒီနန်ဟာ ယခုနေအိမ်အား ခေါ်ဈေး ပေါင် ၁၀.၅ သန်းဖြင့်သာ ရောင်းချနိုင်မည်ဆိုပါက ပေါင် ၈ သန်းအထိ အမြတ်ရရှိလာမှာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းနေအိမ်ကို ၂၀၀၈ ခုနှစ်တုန်းက ယူနိုက်တက်တွင် ကစားနေစဉ်တုန်းက ပေါင် ၂.၇ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
တဖက်တွင် ဖာဒီနန်ဟာ ယခုနေအိမ်အား ရောင်းချလာပြီးပါက ဗြိတိန်တွင် နေထိုင်သူ မဟုတ်တာကြောင့် အမြတ်အခွန်ကြေးလည်း ပေးဆောင်လာရနိုင်ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ဗြိတိန်တွင် နေထိုင်မှုစရိတ်မြင့်မားတဲ့အပြင် အခွန်အခလည်း အလွန်များပြားတာကြောင့် ဒူဘိုင်းသို့ ပြောင်းရွှေ့နေထိုင်သူလည်း ဖြစ်ပါတယ်။
ဖာဒီနန်ဟာ ပေါင် ၅၇ သန်း ကြွယ်ဝချမ်းသာသူလည်း ဖြစ်ပါတယ်။

image